ကုလသမဂ္ဂမစ်ရှင်အဖွဲ့တစ်ဖွဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကရာဘက်ဒေသကိုရောက်ရှိ
PUBLISHED - October 2, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂
နာဂါနို-ကရာဘက် ဒေသကို အဇာဘိုင်ဂျန်တပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဒေသခံအာမေးနီးယားမျိုးနွယ်စု အားလုံးထွက်ပြေးသွားကြောင်းအဇာဘိုင်ဂျန်က ပြောဆိုလိုက်ပြီးနောက် အဲဒီဒေသကို ကုလသမဂ္ဂမစ်ရှင်အဖွဲ့ တစ်ဖွဲ့ တနင်္ဂနွေနေ့ (အောက်တိုဘာလ ၁ ရက်နေ့) က ရောက်ရှိလာပါတယ်။
လူသားချင်းစာနာမှုလိုအပ်ချက်တွေ ဆန်းစစ်လေ့လာဖို့အတွက် ကုလသမဂ္ဂမစ်ရှင်အဖွ့ဲတစ်ဖွဲ့ ကရာဘက်ဒေသ ကို တနင်္ဂနွေနေ့ကရောက်ရှိလာကြောင်း အဇာဘိုင်ဂျန်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
အခုလို ကုလသမဂ္ဂအဖွ့ဲတစ်ဖွဲ့ အဲဒီဒေသကို ရောက်ရှိလာတာဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံးဖြစ်တယ် လို့ ဆိုပါတယ်။
ကုလသမဂ္ဂမစ်ရှင်အဖွဲ့ဝင် စစ်ဆေးရေးဂိတ်တစ်ခုနဲ့ အာမေးနီးယားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရာဘက် ဒေသ ကိ လာရောက်ခဲ့တယ်လို့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
ကုလသမဂ္ဂဌာနပေါင်းစပ်ညှိနှိုင်းရေးမှူး ဗလာဒန်ကာအန်ဒရီးဗာခေါင်းဆောင်လာတဲ့ မစ်ရှင်အဖွဲ့ဟာ တနင်္လာ နေ့ (အောက်တိုဘာလ ၂ ရက်နေ့) မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အဇာဘိုင်ဂျန်တပ်တွေဝင်ရောက်သိမ်းပိုက်ခဲ့ပြီး တစ်ရက်အကြာမှာ အဲဒီဒေသကို နှစ် ပေါင်း ၃၀ ကြာအောင်ထိန်းချုပ်ထားခဲ့တဲ့ အာမေးနီးယန်းခွဲထွက်ရေးသမားတွေက အဇာဘိုင်ဂျန်အစိုးရထံ လက်နက်ချ၊ လက်နက်ဖြုတ်သိမ်းအပ်နှံပြီး ပြန်လည်ပေါင်းစည်းဖို့ သဘောတူညီခဲ့ပါတယ်။
အခုလိုကရာဘက်ဒေသခွဲထွက်ရေးသမားတွေရဲ့ကြိုးပမ်းမှုတွေကို အဆုံးသတ်လိုက်တာဟာ အာမေးနီးယား တွေရဲ့ ရာစုနှစ်နဲ့ချီတဲ့ အိပ်မက်တွေကို ပျက်ပြယ်သွားစေတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။
အဲဒီဒေသဟာ အာမေးနီးယားတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေဖြစ်ပြီး အလယ်ခေတ်တုန်းက အင်အားကြီးနိုင်ငံ တွေကို နှစ်ခြမ်းကွဲခဲ့ရတာဖြစ်တယ်လို့ အာမေးနီးယားတွေက ပြောပါတယ်။
ဒုက္ခသည်ပြဿနာဖြစ်ပွားလာခဲ့တဲ့နေ့ရက်တွေနောက်ပိုင်း ကရာဘက်ဒေသမှာရှိတဲ့ အာမေးနီးယားဒေသခံ ၁၂၀,၀၀၀ အားလုံးနီးပါး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
အာမေးနီးယားနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရာဘက်ဒေသနဲ့ ဆက်စပ်နေတဲ့ လာချင်းနယ်စပ်ဒေသတစ်လျှောက်ဖြတ် သန်းဝင်ရောက်လာတဲ့ AFP သတင်းထောက်တစ်ဦးကတော့ အဲဒီကရာဘက်ဒေသကထွက်လာတဲ့ ကားတစ်စီး တည်းကိုပဲ မြင်တွေ့ခဲ့ရကြောင်း ပြောပါတယ်။ အသက် ၄၀ အရွယ် ဆာဂျီအက်စ်တာယန်ကတော့ ၎င်းဟာ အဲဒီဒေသက နောက်ဆုံးထွက်ပြေးလာတဲ့အုပ်စုထဲ က တစ်ယောက်ဖြစ်ကြောင်း ပြောပါတယ်။
“ကျွန်တော် ဘယ်သွားရမလဲမသိဘူး။ ဥရောပလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အဇာဘိုင်ဂျန်အစိုးရက အာမခံချက် ပေးပြီး ကူညီမယ်ဆိုရင်တော့ ဒုက္ခသည်အများအပြား ပြန်လည်ဝင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။
“အဇာဘိုင်ဂျန်ရဲတွေနဲ့ ကျွန်တော်စကားပြောခဲ့တယ်။ ကျွန်တော်တို့ ပြန်လာချင်ရင်လည်း ဘာပြဿနာမှမရှိ ကြောင်း၊ ကိုယ့်အိမ်ကိုယ် ပြန်နေနိုင်ကြောင်း သူတို့က ပြောပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အာမေးနီးယန်းဒေသခံတွေကို အဇာဘိုင်ဂျန်နိုင်ငံသားတွေအဖြစ်သတ်မှတ်ရေးကတိပေးလိုက်ပြီးနောက် ၎င်းတို့ အနေနဲ့ အဇာဘိုင်ဂျန်လူ့အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းကို သေချာအောင်ဆောင်ရွက်ဖို့အတွက် မှတ်ပုံ တင်နိုင်ဖို့ ကရာဘက်ဒေသရဲ့ အဓိကမြို့ဖြစ်တဲ့ ခန်းကန်ဒီမြို့မှာ အဇာဘိုင်ဂျန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာ နက လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်သမ္မတရုံးက ပြောပါတယ်။
တနင်္ဂနွေနေ့ကတော့ အာမေးနီးယားနိုင်ငံမှာ ကရာဘက်ဒေသအတွက် ဆုတောင်းပွဲတစ်ခုကျင်းပခဲ့ရာ နိုင်ငံ တစ်ဝန်း ဘုရားကျောင်းတွေမှာ ခေါင်းလောင်းတွေ ထိုးခဲ့ကြပြီး အာမေးနီးယန်းနိုင်ငံသားတွေဝိုင်းဝန်းဆုတောင်း ခဲ့ကြတယ်လို့ ဆိုပါတယ်။
Ref: UN Mission Arrives in Karabakh, First Visit in 30 Years
#PeopleMedia