• Follow Us on

Home ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သုံးစားမရတဲ့ အဖွဲ့တစ်ခုဖြစ်နေပြီလို့ ယူကရိန်းသမ္မတ ပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သုံးစားမရတဲ့ အဖွဲ့တစ်ခုဖြစ်နေပြီလို့ ယူကရိန်းသမ္မတ ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

 

ရုရှားရဲ့ ဗီတိုအာဏာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သုံးစားမရတဲ့ အဖွဲ့တစ်ခုဖြစ်နေပြီလို့ ယူကရိန်း သမ္မတ ဇလန်ဇကီက ပြောပါတယ်။

 

စက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ပထမဆုံးအကြိမ် လူကိုယ်တိုင်လာရောက်တွေ့ဆုံမှုအတွင်းမှာ ဇလန်ဇကီက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒုတိကမ္ဘာစစ်အပြီး လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားဟာ ရန်လိုမှုတွေနဲ့ အဆုံးစွန်ရောက် နေပြီဖြစ်တဲ့အတွက် ဗီတိုအာဏာ ဖယ်ရှားပေးဖို့ ဇလန်ဇကီက တောင်းဆိုခဲ့ပါတယ်။

 

“ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက ကုလသမဂ္ဂကို ထိရောက်မှု မရှိစေတဲ့အရာကို မြင်နိုင်ပါတယ်။ ကျူးကျော်သူ လက်ထဲမှာ ဗီတိုအာဏာရှိနေတာက ကုလသမဂ္ဂအဖွဲ့အစည်းကို သုံးစားလို့မရအောင်လုပ်နေတာပါပဲ။ လက်ရှိ ကုလသမဂ္ဂရဲ့ စနစ်ကလည်း ဗီတိုအာဏာလောက် အသုံးမဝင်နေပါဘူး။” လို့ ဇလန်ဇကီက ပြောပါတယ်။

 

ကုလသမဂ္ဂအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရေးပြုလုပ်ဖို့ လိုလာပြီဖြစ်ကြောင်းနဲ့ အဲဒီအထဲမှာ ဗီတိုအာဏာနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို အဓိကထားလုပ်ဆောင်သင့်တယ်လို့ ဇလန်ဇကီက မှတ်ချက်ပြုခဲ့ပါတယ်။

 

ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောနည်းလမ်းဟာ ရုရှားတပ်တွေကို ယူကရိန်းနိုင်ငံအတွင်းက အပြည့်အဝပြန်လည်ဆုတ်ခွာပေးဖို့နဲ့ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ၁၉၉၁ နောက်ပိုင်း ရုရှားသိမ်း ပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကိုပြန်ပေးရမယ်လို့ ဇလန်ဇကီက ပြောပါတယ်။

 

ယူကရိန်းသမ္မတ ဇလန်ဇကီဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ရုရှားနဲ့ စစ်ပွဲဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် နယူးယောက်မြို့ကို သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို လူ ကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

 

ref; aljazeera

 

#PeopleMedia


Share this post