• Follow Us on

Home ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ NGO ဝန်ထမ်းတွေတည်းခိုနေတဲ့ ဟိုတယ်ကို ရုရှားဒုံးကျည် ထိမှန်ခဲ့

ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ NGO ဝန်ထမ်းတွေတည်းခိုနေတဲ့ ဟိုတယ်ကို ရုရှားဒုံးကျည် ထိမှန်ခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁

 

ရုရှားဘက်က ကြာသပတေးနေ့ ညပိုင်းကပစ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာ ယူကရိန်းနိုင်ငံ ဇာပိုရီဇီးယား မြို့က ဟိုတယ်တစ်ခုကို ထိမှန်ခဲ့တဲ့အတွက် လူတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရာရှိတွေ က ပြောပါတယ်။

 

ရုရှားဘက်ကအသုံးပြုခဲ့တဲ့ဒုံးကျည်ဟာ အစ်ကန်ဒါဒုံးကျည်ဖြစ်ပြီး ည ၇ နာရီ ၂၀ မိနစ်မှာ အဲဒီဟိုတယ်ကို ထိ မှန်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

 

“ဇာပိုရီဇီးယားမြို့ဟာ ရုရှားဒုံးကျည်/ အမြောက်ဒဏ်ကို နေ့စဉ်ခံနေရတဲ့ မြို့ဖြစ်ပါတယ်။ ရုရှားတွေဒုံးကျည်နဲ့ပစ် ခတ်ခဲ့လို့ အခုလို အရပ်ဘက်အဆော်က်အအုံကို ထိမှန်ခဲ့တာဖြစ်ပါတယ်။” ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စ ကီးက ပြောပါတယ်။

 

ဒဏ်ရာရတဲ့ ၁၆ ဦးထဲမှာ ကလေးသူငယ် ၄ ဦးပါဝင်ကြောင်း ဇာပိုရီဇီးယားအုပ်ချုပ်ရေးမှူး ယူရီမာလက်ရှ်ကို က ပြောပါတယ်။

 

လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေမှာတော့ ဒုံးကျည်ထိမှန်ထားတဲ့အပေါက်ကြီးတစ်ပေါက်၊ ပျက်စီး နေတဲကားတွေနဲ့အတူ ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ဟိုတယ်ပုံစံ လေးထပ်အဆောက်အအုံတစ်ခုပုံကို မြင်တွေ့ရ ပါတယ်။ ပျက်စီးသွားတဲ့အဆောက်အအုံဟာ ဒီနီပရိုမြစ်ကမ်းပါးမှာရှိပြီး မြို့လယ်ကောင်က ရိန်းကာ့ဇ် (Reikartz) ဟိုတယ်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

 

အဲဒီဟိုတယ်ကို ကုလသမဂ္ဂဝန်ထမ်းတွေက ရုံးခန်းအဖြစ် အသုံးပြုနေတာဖြစ်ကြောင်း ယူကရိန်းနိုင်ငံ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒီနိုက်စ်ဘရောင်းက ပြောပါတယ်။

 

“စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီထောက်ပံ့ဖို့ ကုလသမဂ္ဂအဖွဲ့က ဝန်ထမ်းတွေနဲ့ NGO က ကျွန် မတို့ လုပ်ဖော်ကိုင်ဖက်တွေ မကြာခဏအသုံးပြုနေတဲ့ အဲဒီဟိုတယ်ကို ဒုံးကျည်ထိမှန်တဲ့သတင်းကြားလိုက် ရတော့ ကျွန်မထိတ်လန့်တုန်လှုပ်သွားပါတယ်။ ဇာပိုရီဇီးယားရောက်တိုင်း ကျွန်မ အဲဒီဟိုတယ်မှာပဲတည်းခိုနေ ကျပါ။” လို့ ၎င်းက ပြောပါတယ်။

 

အခုဒုံးကျည်ပစ်ခတ်မှုဖြစ်စဉ်ဟာ ဒုတိယအကြိမ်တိုက်ခိုက်မှုလို့ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၉ ရက်နေ့) က ရုရှားဘက်ကပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကြောင့် လူငယ်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး ခဲ့ကြပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Russian missile hits hotel used by UN in Zaporizhzhia –officials (Reuters)

 

#PeopleMedia


Share this post