• Follow Us on

Home ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေစဉ်အတွင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံလိုကြောင်း ဆရက်သာ ပြော

ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေစဉ်အတွင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံလိုကြောင်း ဆရက်သာ ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈

 

မကြာခင် နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံလိုကြောင်း ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်က ကြာသပတေးနေ့ (စက်တင်ဘာလ ၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အလားတူပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ကိုလည်း ကြိုဆိုမျှော် လင့်နေကြောင်း ဆရက်သာက ပြောပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဆရက်သာဟာ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

 

ကြာသပတေးနေ့က ဖီယူထိုင်းပါတီဌာနချုပ်မှာရှိတဲ့ ဆရက်သာကို အမေရိကန်သံအမတ် ရောဘတ်အက်ဖ်ဂို ဒက်လာရောက်တွေ့ဆုံစဉ်မှာ ထိုင်းဝန်ကြီးချုပ်က ၎င်းရဲ့သဘောထားကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဆရက်သာ ထိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတာကို အမေရိကန်သံအမတ် ရောဘတ်အက်ဖ်ဂိုဒက်က ဂုဏ်ယူ ဝမ်းမြေက်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်သံအမတ်တွေ့ဆုံပွဲကို ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဖာဟစ် သာနုခွန်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျက်ကာဖောင်းဆန်မာနီးနဲ့ ဝန်ကြီးချုပ်ရဲ့အထွေထွေအတွင်းရေးမှူး ပရမ် မင် လာတ်ဆူရီဒဂျ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

ဆရက်သာက အမေရိကန်သံအမတ်ကို ကျေးဇူးတင်စကားပြောဆိုပြီး ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား ကာ လရှည်သံတမန်ဆက်ဆံရေးကို ချီးကျူးပြောဆိုလိုက်ပါတယ်။ အမေရိကန်သံအမတ်ဂိုဒက်ကလည်း နှစ်ပေါင်း ၁၉၀ ကြာမြင့်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်း လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတုပြောင်းလဲမှုလို နိုင်ငံတကာအရေးများမှာ နှစ်နိုင်ငံအကျိုးဖြစ် ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နှစ်ဖက်စလုံးက ကတိပြုခဲ့ကြပါတယ်။

 

Ref: PM Srettha aims to meet Biden during his US trip for UN General Assembly

 

#PeopleMedia


Share this post