• Follow Us on

Home ကုလသမဂ္ဂ၏ စည်းမျဉ်းများမှသွေဖယ်နေသည့်အစီရင်ခံစာများနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက ပြတ်သား စွာကန့်ကွက်ပယ်ချ

ကုလသမဂ္ဂ၏ စည်းမျဉ်းများမှသွေဖယ်နေသည့်အစီရင်ခံစာများနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက ပြတ်သား စွာကန့်ကွက်ပယ်ချ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူတို့၏ အစီရင်ခံစာများအပေါ် အပြန်အလှန် ဆွေးနွေးမှုကို ပူးတွဲဆွေးနွေးမှု (Combined Briefing) အဖြစ် အောက်တိုဘာလ ၂၃ ရက်တွင် ပြုလုပ်ခဲ့ ကြောင်း တွေ့ရှိရသည်။

 

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews သည် ယင်းနေ့တွင်ပင် ၎င်း၏အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံများထံ တင်ပြဆွေးနွေးခဲ့သည်။ ၎င်း၏အစီရင်ခံစာသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အကျိုးမပြုဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်းက အထင် အမြင်လွဲမှားစေသည့် ၎င်း၏အခြားသောတရားလက်လွတ် အစီရင်ခံစာများနှင့် များစွာကွဲပြားမှုမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် PDF အကြမ်းဖက်အဖွဲ့များ၏ လူမဆန်စွာသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူအရေအတွက်ကို လက်ခံရန်ဝန်လေးနေဟန်ရှိပြီး အစီရင်ခံစာတွင် ထောင်နှင့် ချီသောပြည်သူများသေဆုံးမှုကို ရာနှင့်ချီ၍သေဆုံးသည်ဟု အရေအတွက် များစွာ လျှော့ပေါ့ဖော်ပြထားသည်။

 

မည်သို့ပင်ဖြစ်စေ PDF အကြမ်းဖက်အဖွဲ့များ၏ အလွန်ဆိုးရွား သော ရာဇဝတ်မှုများမှာ တဖြည်းဖြည်းပေါ်လွင် လာရာ အထူးအစီရင်ခံစာတင်သွင်းသူပင်လျှင် ဖုံးကွယ်ရန်မစွမ်းသာတော့ဘဲ ဝန်ခံခဲ့ရသည်။ အစိုးရဆန့်ကျင် ဘက်အုပ်စုများက အပြစ်မဲ့အရပ်သား ၆,၆ဝဝ ကျော် သတ်ဖြတ်ထားသည်မှာ အထောက်အထားမရှိကြောင်း ၎င်းကငြင်းဆိုနေသော်လည်း ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံက သေချာစွာမှတ်တမ်းတင်ထားပြီး သံတမန် လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်းသို့ မျှဝေထားပြီးဖြစ်သည်။

 

အထူးအစီရင်ခံစာတင်သွင်းသူသည် ခိုင်လုံသောအထောက်အထားမရှိဘဲ ၎င်း၏ကိုယ်ပိုင် ထင်မြင်ယူဆ ချက်နှင့် ဆန့်ကျင်ဘက်အကြမ်းဖက်အဖွဲ့အစည်းများ၏ ပြောကြားမှုများအပေါ် အခြေခံ၍ မြန်မာနိုင်ငံက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ကောက်ချက်ချထားသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် “လူသား မျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု”၊ “စစ်ရာဇဝတ်မှု”၊ “နိုင်ငံတကာ ရာဇဝတ်မှု” နှင့် “လူမျိုးသုဉ်း တိုက်ခိုက်မှု” စသည့် အသုံးအနှုန်းများအား အထူးအစီရင်ခံစာ တင်သွင်းသူက တာဝန်မဲ့သုံးနှုန်းခြင်းကို မြန်မာနိုင်ငံကပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

အထူးအစီရင်ခံစာတင်သွင်းသူသည် ဆန့်ကျင်ဘက်အုပ်စုများဘက်မှ ပြောင်ပြောင်တင်းတင်းစည်းရုံးပေး လျက်ရှိပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုပြုလုပ်ရန် လှုံ့ဆော်လျက်ရှိကြောင်း၊ အထူးအစီ ရင်ခံစာတင်သွင်းသူ၏ ယင်းကဲ့သို့ အဆင်ခြင်မဲ့  လုပ်ရပ်များသည် အကျိုးဆက်ကိုအဓိကခံစားရမည့် မြန်မာ ပြည်သူများ၏အကျိုးအတွက် အနည်းငယ် မျှပင် ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ပြသလျက်ရှိကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ်မြန်မာနိုင်ငံ၏ တွေ့ရှိချက်များကို အဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

IIMMသည် လူ့အခွင့်အရေးကောင်စီ၏ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ရွေးချယ်ပြီး ဦးတည်ပစ်မှတ်ထားသည့် နိုင်ငံရေးသွတ်သွင်းထားသော ဆုံးဖြတ်ချက်အဆိုမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ရာ စတင် တည်ထောင်ချိန်မှ အစပြု၍ IIMM ၏လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ အသိအမှတ်ပြု လက်ခံခြင်းမရှိခဲ့ပါ။ IIMM က စုဆောင်းခဲ့သည်ဟုဆိုသော သတင်းအချက်အလက်အပိုင်းအစ ၂၃ သန်းနှင့်ပတ်သက်၍ မည်သို့စိစစ် သည်ကိုဖော်ပြထားခြင်းမရှိသဖြင့် ယင်းအချက်အလက်များ၏ မှန်ကန်မှုကို အတည်ပြုနိုင်ခြင်းမရှိပါ။ အစိုးရများထံမှ ထောက်ပံ့ငွေရယူခြင်းမပြုရန် ကုလသမဂ္ဂ အထူးလုပ်ပိုင်ခွင့်ရရှိထားသူများအား တင်းကြပ်စွာ တားမြစ်ထားသည့်တိုင် IIMM သည် အချို့သော အစိုးရများထံမှ ထောက်ပံ့ငွေမျေားကို ပြောင်ပြောင်တင်း တင်းလက်ခံလျက်ရှိသည်။ သို့ဖြစ်ရာ IIMM သည် ၎င်းကို ဖန်တီးသူများ၏ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအပေါ် အကွက်ချအမှုဆင်ရန်အစီအမံ သက်သက်သာဖြစ်သည်။

 

အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင်ပါဝင်သည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အကြံပြုချက်များသည် ဓမ္မဓိဌာန်ကျမှု၊ ရွေးချယ် မဆောင်ရွက်မှု၊ ဘက်မလိုက်မှု စည်းမျဉ်းများနှင့် ဆန့်ကျင်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post