ကုလသမဂ္ဂရှိ ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာ ဖြစ်ရကြောင်း ရုရှားသံအမတ်ပြော

PUBLISHED - March 1, 2022
နိုင်ငံတကာ၊ မတ် ၁
ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
“ကုလသမဂ္ဂရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ နောက်ထပ်ရန်လိုတဲ့ခြေလှမ်းတစ်ရပ်အဖြစ် ရုရှားသံ အမှုထမ်းတွေအပေါ် ဆန့်ကျင်တဲ့ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့ကို ကျွန် တော်အသိပေးပြောကြားလိုပါတယ်၊ အခုကစလို့ အတိအကျပါပဲ ပြီးခဲ့တဲ့ တစ်နာရီက ရုရှားမစ်ရှင်အဖွဲ့ဝင် အမှုထမ်း ၁၂ ဦးကို ထုတ်ပယ်တဲ့အကြောင်း ကျွန်တော်တို့ဆီအသိပေးလာပါတယ်” ဟု ၎င်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု စတင်ချိန်တွင် Nebenzia က ထုတ် ဖော်ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အိမ်ရှင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ကုလသမဂ္ဂဌာနချုပ်နေရာများနှင့် စပ်လျဉ်း၍ သဘောတူလက်မှတ်ရေးထိုးထားခြင်းအပေါ် “နောက်ထပ် လက်ခံနိုင်စရာမရှိတဲ့ ချိုးဖောက်မှု” ဖြစ်ကြောင်းနှင့် ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်မှုဖြစ်ကြောင်း Nebenzia ကဆိုသည်။
“သံခင်းတမန်ခင်း လိုအပ်မှုနဲ့ သံတမန်နည်းလမ်းနဲ့ အဖြေရှာမှုကို ကျွန်တော်တို့ ဆက်ပြောချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို ကန့်သတ်မယ့် ကျွန်တော်တို့ရဲ့အခွင့်အရေးကို ဖော်ဆောင်သွား ရပါမယ်” ဟု ၎င်းကဆိုသည်။
“ဒီဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း စိတ်မသက်မသာ ဖြစ်ရပါတယ်၊ ပြီးတော့ ဒီဆုံးဖြတ် ချက်အပေါ် ဆက်စပ်အကြောင်းအရာထဲက ဘယ်လိုလုပ်လို့ရမလဲဆိုတာ ကျွန်တော်တို့ နည်းလမ်းရှာဖွေသွား မှာပါ” ဟု ၎င်းကဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Richard Mills က နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို နိုင်ငံမှ ထွက်ခွါသွားရန် အမိန့်ထုတ် ပြန်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုသူများသည် “သံတမန်တွေရဲ့ ကျင့်ဝတ်တာဝန်တွေနဲ့ မလျော်ညီတဲ့ သူတို့နဲ့မသက်ဆိုင်တဲ့ အလုပ်တွေကို လုပ်နေကြလို့ပါပဲ” ဟုဆိုသည်။
“သူတို့ဟာ ဒီနိုင်ငံ(အမေရိကန်)က ထွက်ခွါသွားရပါမယ်၊ ဒါမှ သူတို့ဟာ အိမ်ရှင်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်စေမှာပါ” ဟု Mills က ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်၏ တုန့်ပြန်ပုံကို မကျေနပ်ကြောင်းကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia ကဆိုသည်။
ယူကရိန်းနိုင်ငံတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေစဉ် ရုရှားသံအမှုထမ်း ၁၂ ဦးအား နိုင်ငံမှ ထွက်ခွါ သွားရန်အမေရိကန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
(Xinhua)
#PeopleMedia #Russia #UN
(unicode)
…………………………………………
(Xinhua)
#PeopleMedia #Russia #UN