• Follow Us on
Latest News

Home ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့် ပတ် သက်ပြီး န-စ-ကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့် ပတ် သက်ပြီး န-စ-ကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၇ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ တွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား ဆောင်ရွက်နေမှုအခြေအနေများ၊ အထူးကိုယ်စားလှယ်အား စေလွှတ်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

ဆွေးနွေးရာ၌ အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်နေမှုနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေ ဖြင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာမှ သတင်းထုတ်ပြန်ထားသည်။

 

ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအခြေအနေများနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်

 

(unicode)


…………………………………………………………….

 


 


 


 


 

#PeopleMedia #ကုလသမဂ်ဂအထှထှေအေတှငျးရေးမှူးခြုပျ၏အထူးကိုယျစားလှယျ


Share this post