ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈမစ္႐ွင္မွာပါ၀င္ဖို႔ ဘဂၤလားေဒ့႐ွ္ေလ တပ္က ရဟတ္ယာဥ္ ၃ စင္းေပးပို႔

PUBLISHED - June 22, 2020
ဒါကာ၊ ဇြန္ ၂၂
ကုလသမဂၢရဲ႕ဗဟိုအာဖရိကသမၼတႏိုင္ငံ(CAR)က ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈမစ္႐ွင္မွာ ပထမဆံုး ပါ၀င္တာ၀န္ထမ္းဖို႔ ဘဂၤလားေဒ့႐ွ္ေလတပ္ဟာ ႐ု႐ွားလုပ္သံခ်ပ္ကာတပ္ MI-171SH ရဟတ္ယာဥ္ ၃ စင္း ပို႔ေဆာင္လိုက္ပါတယ္။
ကုလသမဂၢကငွားရမ္းအသံုးျပဳတဲ့ Antonov-124 ရဟတ္ယာဥ္ဟာ အဆင့္ျမင့္ညၾကည့္နည္းပညာေတြ၊ တျခား ကိရိယာေတြနဲ႔ ေလတပ္အမႈထမ္း ၂ ေယာက္ပါတဲ့ရဟတ္ယာဥ္ေတြနဲ႔အတူ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ဟာဇတ္ ႐ွာဂ်ာလယ္ႏိုင္ငံတကာေလဆိပ္ကေန CAR ၿမိဳ႕ေတာ္ ဘန္ဂြီကို စေနေန႔ကထြက္ခြာသြားတယ္လို႔ ဘဂၤလား ေဒ့႐ွ္ႏိုင္ငံတကာတပ္မေတာ္မ်ားၾကားဆက္ဆံေရးၫႊန္ၾကားမႈဌာနက သတင္းထုတ္ျပန္ပါတယ္။
အရင္ကလည္း အဲဒီစစ္ဆင္ေရးေနရာမွာ ကုလသမဂၢကငွားထားၿပီး ဘာမန္ဘဂၤလားေဒ့႐ွ္ေလေၾကာင္းလိုင္းက ေမာင္းႏွင္ေပးေနတဲ့ေလယာဥ္နဲ႔ ကိုယ္စားျပဳတပ္သား ၁၂၃ ေယာက္ကို ေမ ၂၉ ရက္မွာပို႔ေဆာင္ခဲ့ပါတယ္။
အဲဒီကိုယ္စားျပဳတပ္ဖြဲ႕၀င္ေတြဟာ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈစြမ္းရည္အဆင္သင့္႐ွိေနေစေရးစနစ္ အရ လ်င္ျမန္စြာတပ္စြဲမႈအဆင့္သတ္မွတ္ခ်က္နဲ႔ တပ္စြဲခဲ့တာပါ။
ဘဂၤလားေဒ့႐ွ္ဟာ လ်င္ျမန္စြာတပ္စြဲမႈအဆင့္သတ္မွတ္ခ်က္နဲ႔ တပ္စြဲခဲ့တဲ့ကုလသမဂၢအဖြဲ႔၀င္ ပထမဆံုးႏိုင္ငံျဖစ္ ပါတယ္။
ဘဂၤလားေဒ့႐ွ္ေလတပ္အမႈထမ္းေတြဟာ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္မႈမစ္႐ွင္ေတြမွာ ပါ၀င္အမႈထမ္းေန ၾကပါတယ္။
အခုပို႔လိုက္တဲ့ရဟတ္ယာေတြဟာ CAR က ဘဂၤလားေဒ့႐ွ္အလတ္စားလက္နက္တပ္ဆင္ထားတဲ့စစ္ရဟတ္ ယာဥ္ယူနစ္နဲ႔ သြားေရာက္ပူးေပါင္းမွာပါ။
Ref : Air force sends 3 helicopters to UN peacekeeping mission
(unicode)
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်မှာပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်လေ တပ်က ရဟတ်ယာဉ် ၃ စင်းပေးပို့
………………………………………………………
ဒါကာ၊ ဇွန် ၂၂
ကုလသမဂ္ဂရဲ့ဗဟိုအာဖရိကသမ္မတနိုင်ငံ(CAR)က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်မှာ ပထမဆုံး ပါဝင်တာဝန်ထမ်းဖို့ ဘင်္ဂလားဒေ့ရှ်လေတပ်ဟာ ရုရှားလုပ်သံချပ်ကာတပ် MI-171SH ရဟတ်ယာဉ် ၃ စင်း ပို့ဆောင်လိုက်ပါတယ်။
ကုလသမဂ္ဂကငှားရမ်းအသုံးပြုတဲ့ Antonov-124 ရဟတ်ယာဉ်ဟာ အဆင့်မြင့်ညကြည့်နည်းပညာတွေ၊ တခြား ကိရိယာတွေနဲ့ လေတပ်အမှုထမ်း ၂ ယောက်ပါတဲ့ရဟတ်ယာဉ်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဟာဇတ် ရှာဂျာလယ်နိုင်ငံတကာလေဆိပ်ကနေ CAR မြို့တော် ဘန်ဂွီကို စနေနေ့ကထွက်ခွာသွားတယ်လို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတကာတပ်မတော်များကြားဆက်ဆံရေးညွှန်ကြားမှုဌာနက သတင်းထုတ်ပြန်ပါတယ်။
အရင်ကလည်း အဲဒီစစ်ဆင်ရေးနေရာမှာ ကုလသမဂ္ဂကငှားထားပြီး ဘာမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းက မောင်းနှင်ပေးနေတဲ့လေယာဉ်နဲ့ ကိုယ်စားပြုတပ်သား ၁၂၃ ယောက်ကို မေ ၂၉ ရက်မှာပို့ဆောင်ခဲ့ပါတယ်။
အဲဒီကိုယ်စားပြုတပ်ဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုစွမ်းရည်အဆင်သင့်ရှိနေစေရေးစနစ် အရ လျင်မြန်စွာတပ်စွဲမှုအဆင့်သတ်မှတ်ချက်နဲ့ တပ်စွဲခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ဟာ လျင်မြန်စွာတပ်စွဲမှုအဆင့်သတ်မှတ်ချက်နဲ့ တပ်စွဲခဲ့တဲ့ကုလသမဂ္ဂအဖွဲ့ဝင် ပထမဆုံးနိုင်ငံဖြစ် ပါတယ်။
ဘင်္ဂလားဒေ့ရှ်လေတပ်အမှုထမ်းတွေဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်မှုမစ်ရှင်တွေမှာ ပါဝင်အမှုထမ်းနေ ကြပါတယ်။
အခုပို့လိုက်တဲ့ရဟတ်ယာတွေဟာ CAR က ဘင်္ဂလားဒေ့ရှ်အလတ်စားလက်နက်တပ်ဆင်ထားတဲ့စစ်ရဟတ် ယာဉ်ယူနစ်နဲ့ သွားရောက်ပူးပေါင်းမှာပါ။
Ref : Air force sends 3 helicopters to UN peacekeeping mission