“ကိုယ်စားပြုမှုမှာ များသူအနိုင်ယူစနစ်နဲ့သာဆိုရင် မြင်းပြိုင်ပွဲမှာ နှာတဖျားသာတဲ့သူက နိုင်တယ်ဆိုတော့ များတဲ့သူက နိုင်သွားတယ် PR စနစ်က အဲ့ဒီလိုမဟုတ်ဘူး” ဦးအောင်ဇင် (NDF လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
PUBLISHED - April 30, 2019
နိုင်ငံတော်သမ္မတ(ဟောင်း)ဦးသိန်းစိန်လက်ထက်၌PR(အချိုးကျရွေးကောက်ပွဲစနစ်)ကို၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ကျင့်သုံးရန်NDFပါတီလွှတ်တော်ကိုယ်စားလှယ်များကအမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်များလွှတ်တော်နှစ်ရပ်၌ တင်ပြခဲ့ကြပါတယ်။
ထိုနောက် NDF ပါတီမှ လွှတ်တော်၌ တင်ပြထားသော PR စနစ်ကို လက်မခံကြောင်း NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သူ ဦးညဏ်ဝင်းက ပြောဆိုမှုပြု့လုပ်ခဲ့ပါတယ်။
နောက်ဆုံး၌PR စနစ်ကို ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း သူ၏ လုပ်ပိုင်ခွင့်နှင့်ပယ်ချခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ထို့ကြောင့် PR စနစ်ကို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၌ ကျင့်သုံးရန် လွှတ်တော်တွင်းလှုပ်ရှားခဲ့သူ ဦးအောင်ဇင်နှင့် လူထု မီဒီယာမှ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဦးအောင်ဇင်သည် NDF ပါတီ၏ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/355596918421214/