“ကိုယ်ကောင်းစားရေးကို ကြည့်ပြီး သစ်ပင်တွေ ခုတ်ချင်တိုင်းခုတ် ခိုးချင်တိုင်းခိုး ကိုယ်ကျိုးရှာကြတာ၊ တော နေသတ္တ၀ါတွေကို သတ်ဖြတ်ရောင်းစားကြတာ၊ ကျောက်မျက်နဲ့ သတ္တုတွင်း တွေ တူးချင်တိုင်းတူးနေကြတာ ဒါတွေဟာ တရားဝင်တာရော တရားမ၀င်တာရော၊ ဗဟုသုတနည်းတာတွေရော ဒါတွေကို ပြတ်ပြတ်သားသား အရေးယူဖို့လဲ လိုအပ်ပါတယ်” ဦးမြင့်ဦး(မကွေးမဲဆန္ဒနယ်)
PUBLISHED - September 13, 2019
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် နိုင်ငံအ၀ှမ်းသဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ကျွမ်းကျင်သူများ မွေးထုတ်သွားရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ခရိုင်၊ မြို့နယ်အဆင့်အထိ စနစ်တကျ တိုးချဲ့ဖွဲ့စည်းပြီး ၀န်ကြီးဌာန၏လုပ်ငန်းစဉ်များ အောင်မြင်ရေးအရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးရန်အဆိုနှင့် စပ်လျဉ်း၍ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦးက အထက်ပါအတိုင်း ဆွေး နွေးခဲ့ ခြင်း ဖြစ်ပါတယ်။
https://www.facebook.com/1120229281493723/videos/376426129973247/