• Follow Us on
Latest News

Home ကူကီးစစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး/ ၃ ဦး ဒဏ်ရာရ

ကူကီးစစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး/ ၃ ဦး ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

 

အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်ဖက်စလုံးမှာ အခြေချလှုပ်ရှားနေတဲ့ ကူကီးစစ်သွေးကြအုပ်စုဟာ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ လ ၁၇ ရက်နေ့) အစောပိုင်းမှာ မိုရေးြမို့ရှိ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

ကျဆုံးသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် ဝန်ခမ်းဆိုမိုဂျစ်နဲ့ အသက် ၃၈ နှစ်အ ရွယ် တပ်ဟဲလမ်ဘမ်းဆိုင်လက်ရှ်ဝိုးတို့ ဖြစ်ပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးစလုံးဟာ စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဝန်ခမ်းဆိုမိုဂျစ်ဟာ မိုရေးအထူးကွန်မန်ဒိုတပ်ဖွဲ့မှာ တွဲဖက်ထားတဲ့ အမှတ် ၅ အိန္ဒိယအရန်တပ်ရင်း (ရဲတပ်ဖွဲ့) က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

 

တပ်ဟဲလမ်ဘမ်းဆိုင်လက်ရှ်ဝိုးကတော့ အထူးကွန်မန်ဒိုတပ်ဖွဲ့မှာ တွဲဖက်ထားတဲ့ အိန္ဒိယအရန်တပ်ရင်းက ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ပါတယ်။

 

ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရပ်မျက်နှာအသီးသီးက ပစ်ခတ်တိုက်ခိုက်နေချိန်မှာ သံချပ်ကာယာဉ် တစ်စီးပါဝင်တဲ့ အာသံရိုင်ဖယ်တပ်ရင်းက ယာဉ်တန်းတစ်ခုဟာ တိုက်ပွဲဖြစ်ပွားရာကို မောင်းနှင်လာခဲ့ပေမဲ့ ကူကီးသူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြန်လှည့်သွားရတယ်လု့ိ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ကူကီးစစ်သွေးကြွတွေဟာ မနက်ပိုင်းမှာ လက်နက်ငယ်တွေ၊ RPG အပါအဝင် လက်နက်ကြီးတွေအသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ခရိုင်ခွဲရဲအရာရှိ ချင်းတမ်းအေနန်းကူးမားကို သတ်ဖြတ်မှုနဲ့ စစ်သွေးကြွနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အခုလိုတိုက်ခိုက်ခဲ့ တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Moreh under siege : Kuki militants gun down two IRB men, injure three others

 

#PeopleMedia


Share this post