• Follow Us on
Latest News

Home ကူဝိတ်အမျိုးသမီးများကို စစ်မှုထမ်းဆောင်ခွင့်ပြုတော့မည်ဖြစ်ပြီး တိုက်ခိုက်ရေးတပ်များတွင် အခြားအဆင့်ရော အရာရှိများအဖြစ်ပါ တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဖြစ်

ကူဝိတ်အမျိုးသမီးများကို စစ်မှုထမ်းဆောင်ခွင့်ပြုတော့မည်ဖြစ်ပြီး တိုက်ခိုက်ရေးတပ်များတွင် အခြားအဆင့်ရော အရာရှိများအဖြစ်ပါ တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဖြစ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃ (People Media)

 

ကူဝိတ်နိုင်ငံတွင် အမျိုးသမီးများကို ပထမဦးဆုံးအကြိမ်အဖြစ် စစ်မှုထမ်းဆောင်ခွင့်ပြုတော့မည်ဖြစ်ပြီး တိုက် ခိုက်ရေးတပ်များတွင်တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ကူဝိတ်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ လ ၁၂ ရက်နေ့ကပြောကြားလိုက်သည်။

 

တပ်မတော်အရာရှိများအပါအဝင် တိုက်ခိုက်ရေးတပ်များတွင် အခြားအဆင့်များအဖြစ်ပါ ကူဝိတ်အမျိုးသမီးများ ကိုတာဝန်ထမ်းဆောင်ခွင့်ပြုရန် တံခါးဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဟာမက်ဂျာဘာအယ်လ် ဆာဘာ့ကပြောသည်။

 

ကူဝိတ်နိုင်ငံတွင် အမျိုးသမီးများမှာ နယ်ဘက်ရာထူးများတွင်ပင် ထမ်းဆောင်ခွင့်မရှိဘဲ နှစ်ပေါင်းများစွာ ပိတ်ပင် ထားသော နိုင်ငံ ဖြစ်သည်။

 

“ကူဝိတ်အမျိုးသမီးတွေ သူတို့အစ်ကိုတော်တွေနဲ့ ရင်ဘောင်တန်းပြီး ကူဝိတ်တပ်မတော်မှာတာဝန်ထမ်းဆောင် ဖို့ အခွင့်အလမ်းရလာတဲ့အချိန်ကို ရောက်လာပါပြီ။” ဟု အစိုးရပိုင်သတင်းဌာနဖြစ်သော ကူနာသတင်းဌာနသို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

ကူဝိတ်အမျိုးသမီးများ၏ စွမ်းရည်နှင့် တပ်မတော်တွင်းပင်ပန်းခက်ခဲလှသည့်တာဝန်များကိုထမ်းဆောင်ရန် စိတ် အားထက်သန်မှုကို ၎င်းအနေဖြင့်ယုံကြည်ကြောင်း၊ နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ပြီး နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အမျိုးသမီးများ၏ စွမ်းရည်နှင့် စိတ်ဓာတ်ကို ယုံကြည်ကြောင်း ကာကွယ်ရေးဝန် ကြီးကပြောသည်။

 

လက်ရှိအချိန်တွင် ကူဝိတ်လွှတ်တော်တွင် အမျိုးသမီးများမရှိသော်လည်း ၂၀၀၅ ခုနှစ်တွင် မဲပေးခွင့်ရရှိခဲ့သည့် ကူဝိတ်အမျိုးသမီးများသည် အစိုးရအဖွဲ့တွင်ရော လွှတ်တော်အတွင်း၌ပါ တက်ကြွစွာသက်ဝင်လှုပ်ရှားလျက်ရှိ ကြောင်းသိရသည်။

 

Ref: Kuwait allows women to join military in combat and officer roles

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 

Ref: Kuwait allows women to join military in combat and officer roles

 

#PeopleMedia


Share this post