ကေတုမတီနန်းတော်ရာပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌမှာကြား
PUBLISHED - August 24, 2024
နေပြည်တော်၊ ဩဂုတ် ၂၄
ကေတုမတီနန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က တောင်ငူမြို့၊ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုး ဝင်ပေါက်များနှင့်တံတားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ် ရာတွင် ဖြစ်နိုင်ဖွယ်ရာအချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လို ကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့ သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေ နှင့်အညီစနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။
ဆက်လက်ပြီး ကေတုမတီ မြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထားသေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ် သွားရန်လိုကြောင်း၊ အလားတူ မြို့ကွက်အသစ်များဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ ရသည့် အစိုးရရုံး ဌာနဆိုင်ရာ အဆောက်အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လိုကြောင်း၊ ကေတုမတီနန်းတော်ရာနှင့် ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဟောင်း အမွေအနှစ်နေရာများကို ဥပဒေနှင့် အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှေးဟောင်း မြို့ရိုးနှင့် ကျုံး တူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့ရိုး အောက်ခြေ ဖောင်ဒေးရှင်းအုတ်ရိုးများကို ဖော်ထုတ်၍ အုတ်ရိုးအတိုင်းလိုက်ကာ မြို့ရိုးကို ဖော် ထုတ်ရမည် ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင်သည့်နေရာများတွင် ဦးစွာ တည် ဆောက်သွားရန်လိုကြောင်း၊ ဘုတ်တလုတ်ကန်ကိုလည်း ပြန်လည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့ရိုးဖော်ထုတ်ရေးလုပ်ငန်းကို အဓိကဦးစားပေးဆောင်ရွက် သွားရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
#PeopleMedia