• Follow Us on
Latest News

Home ကေနဒါေလတပ္ ဂ်က္ေလယာဥ္ပ်က္က်၊ တစ္ဦးေသ တစ္ဦးဒဏ္ရာရ

ကေနဒါေလတပ္ ဂ်က္ေလယာဥ္ပ်က္က်၊ တစ္ဦးေသ တစ္ဦးဒဏ္ရာရ

Share this post

၂၀၂၀၊ ေမ ၁၈

 

ကေနဒါႏိုင္ငံ၏ ေတာ္ဝင္ေလတပ္မွ ဂ်က္ေလယာဥ္တစ္စင္းပ်က္က်ရာ ေလယာဥ္အမႈထမ္းတစ္ဦး ေသဆုံးခဲ့ၿပီး အျခားသူတစ္ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့သည္။

 

အဆိုပါေလယာဥ္သည္ ကေနဒါေလတပ္ပိုင္ ေလယာဥ္တစ္စင္းျဖစ္ေၾကာင္း ကေနဒါမီဒီယာမ်ားက ေဖာ္ျပ သည္။

 

ကိုဗစ္-၁၉ ေရာဂါ တြန္းလွန္တိုက္ဖ်က္ေပးသူမ်ားကို စိတ္ဓာတ္ျမႇင့္တင္ေပးရန္ အနိမ့္ပ်ံသန္းေနစဥ္ ေလယာဥ္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ကေနဒါမီဒီယာမ်ားက ေဖာ္ျပခဲ့ၾကသည္။

 

အဆိုပါဂ်က္ေလယာဥ္သည္ ၿဗိတိသွ် ကိုလံဘီယာျပည္နယ္ကမ္းေလာ့စ္ၿမိဳ႕ေတာ္၌ ေဒသစံေတာ္ခ်ိန္ မြန္းတည့္ ခ်ိန္တြင္ ပ်က္က်သြားျခင္းျဖစ္သည္။

 

ေလယာဥ္ပ်က္က်သည့္ေနရာမွ အိမ္တစ္အိမ္မီးမ်ားေတာက္ေလာက္ေနသည္ကို ဓာတ္ပုံမ်ားက ျပသေနသည္။

 

ကေနဒါႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူေပါင္း ၇၈၀၀၀ ရွိၿပီး၊ ေသဆုံးသူ ၅၉၀၀ ရွိေၾကာင္း ဂြၽန္ ေဟာ့ကင္းတကၠသိုလ္က ေျပာၾကားသည္။

 

ကိုးကား  ။     ။ အန္အိတ္ခ်္ေက

 

Ref; Canadian air force plane crashes, one dead

 

#PeopleMedia #canadian

 

(Unicode)

ကနေဒါလေတပ် ဂျက်လေယာဉ်ပျက်ကျ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

၂၀၂၀၊ မေ ၁၈

ကနေဒါနိုင်ငံ၏ တော်ဝင်လေတပ်မှ ဂျက်လေယာဉ်တစ်စင်းပျက်ကျရာ လေယာဉ်အမှုထမ်းတစ်ဦး သေဆုံးခဲ့ပြီး အခြားသူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလေယာဉ်သည် ကနေဒါလေတပ်ပိုင် လေယာဉ်တစ်စင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြ သည်။

ကိုဗစ်-၁၉ ရောဂါ တွန်းလှန်တိုက်ဖျက်ပေးသူများကို စိတ်ဓာတ်မြှင့်တင်ပေးရန် အနိမ့်ပျံသန်းနေစဉ် လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကနေဒါမီဒီယာများက ဖော်ပြခဲ့ကြသည်။

အဆိုပါဂျက်လေယာဉ်သည် ဗြိတိသျှ ကိုလံဘီယာပြည်နယ်ကမ်းလော့စ်မြို့တော်၌ ဒေသစံတော်ချိန် မွန်းတည့် ချိန်တွင် ပျက်ကျသွားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျသည့်နေရာမှ အိမ်တစ်အိမ်မီးများတောက်လောက်နေသည်ကို ဓာတ်ပုံများက ပြသနေသည်။

ကနေဒါနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၇၈၀၀၀ ရှိပြီး၊ သေဆုံးသူ ၅၉၀၀ ရှိကြောင်း ဂျွန် ဟော့ကင်းတက္ကသိုလ်က ပြောကြားသည်။

ကိုးကား ။ ။ အန်အိတ်ခ်ျကေ

Ref; Canadian air force plane crashes, one dead

#PeopleMedia #canadian


Share this post