ကေမၻာဒီးယားနိုင္ငံမွ ျမန္မာနိုင္ငံကို ကိုဗစ္-၁၉ ကာကြယ္ေရးအတြက္ အသက္႐ွဴစက္ (၂၀) လာေရာက္လွဴဒါန္း

PUBLISHED - November 27, 2020
ရန္ကုန္၊ နို၀င္ဘာ – ၂၇
ကေမၻာဒီးယားနိုင္ငံအစိုးရက ျမန္မာနိုင္ငံ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ပါးစပ္ႏွင့္ ႏွာ ေခါင္းစည္း (၂) သန္း၊ အပါအဝင္ အသက္ရွဴစက္ ၂၀ အား နို၀င္ဘာ ၂၆ ရက္ေန႔က လာေရာက္လွဴဒါန္းခဲ့ ပါတယ္။
အဆိုပါလွဴဒါန္းမႈကို ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအတြင္းေရးမွဴး (၂)၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေနျပည္ေတာ္အျပည္ ျပည္ဆိုင္ရာေလဆိပ္မွ လက္ခံခဲ့ပါတယ္။
အထက္ပါ လွဴဒါန္းမႈတြင္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (၂) သန္း၊ Fabric Face Mask (၁) သိန္း၊ N 95 Mask (၂) ေသာင္း၊ Googgle (၂) ေသာင္း၊ တစ္ကိုယ္ေရေရာဂါကာကြယ္ေရးဝတ္စုံ (PPE Set) (၂) ေသာင္း၊ Infrared temperature Manual Check (၅၀၀)၊ မ်က္ႏွာအကာ (Face shield) (၂) ေသာင္း၊ အသက္ရွဴစက္ (Ventilator Machine for ICU set) (၂၀)၊ Patient monitor and accessory (၂၀)၊ ကလိုရင္းမႈန႔္ ပုံးေပါင္း (၅၀၀)၊ ေရာဂါကာကြယ္ေရး ဘြတ္ဖိနပ္ (၁,၀၀၀)ႏွင့္ လက္ေဆးဆပ္ျပာရည္ (၂,၀၀၀)တို႔အား ကေမၻာဒီးယား နိုင္ငံ၊ က်န္းမာေရးဝန္ႀကီး H.E. Professor Mam Bunheng က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးထံသို႔ လႊဲေျပာင္းေပးခဲ့ပါတယ္။
လက္ရွိတြင္ ျမန္မာနိုင္ငံ၌ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားတြင္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း မျဖစ္မေန တပ္ဆင္ေရး လူထုလႈပ္ရွားမႈစီမံခ်က္ကို အရွိန္အဟုန္ျဖင့္ေဆာင္ရြက္လ်က္ရွိရာ လွဴဒါန္းသည့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား၊ မ်က္ႏွာအကာမ်ားစသည္တို႔ကို အသုံးခ်နိုင္ရန္အတြက္လည္းျဖစ္ပါတယ္။
COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳနိုင္ရန္အတြက္ ကေမၻာဒီးယားနိုင္ငံမွ လႉဒါန္းမည့္ အေထာက္အကူျပဳပစၥည္းမ်ားကို ေလေၾကာင္းလိုင္း အထူးေလယာဥ္ (၃) စီးျဖင့္ လာေရာက္ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။
#PeopleMedia
(unicode)
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသက်ရှူစက် (၂၀) လာရောက်လှူဒါန်း
………………………………………………………….
ရန်ကုန်၊ နိုဝင်ဘာ – ၂၇
ကမ္ဘောဒီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပါးစပ်နှင့် နှာ ခေါင်းစည်း (၂) သန်း၊ အပါအဝင် အသက်ရှူစက် ၂၀ အား နိုဝင်ဘာ ၂၆ ရက်နေ့က လာရောက်လှူဒါန်းခဲ့ ပါတယ်။
အဆိုပါလှူဒါန်းမှုကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လက်ခံခဲ့ပါတယ်။
အထက်ပါ လှူဒါန်းမှုတွင် ပါးစပ်နှင့် နှာခေါင်းစည်း (၂) သန်း၊ Fabric Face Mask (၁) သိန်း၊ N 95 Mask (၂) သောင်း၊ Googgle (၂) သောင်း၊ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE Set) (၂) သောင်း၊ Infrared temperature Manual Check (၅၀၀)၊ မျက်နှာအကာ (Face shield) (၂) သောင်း၊ အသက်ရှူစက် (Ventilator Machine for ICU set) (၂၀)၊ Patient monitor and accessory (၂၀)၊ ကလိုရင်းမှုန့် ပုံးပေါင်း (၅၀၀)၊ ရောဂါကာကွယ်ရေး ဘွတ်ဖိနပ် (၁,၀၀၀)နှင့် လက်ဆေးဆပ်ပြာရည် (၂,၀၀၀)တို့အား ကမ္ဘောဒီးယား နိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Professor Mam Bunheng က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ လှူဒါန်းသည့် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ မျက်နှာအကာများစသည်တို့ကို အသုံးချနိုင်ရန်အတွက်လည်းဖြစ်ပါတယ်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းမည့် အထောက်အကူပြုပစ္စည်းများကို လေကြောင်းလိုင်း အထူးလေယာဉ် (၃) စီးဖြင့် လာရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။