ကလေးအ၀တ်များရေလျှော်လည်း DNA မပျောက်ကြောင်းမျိုးရိုးဗီဇ DNA စစ်ဆေးခြင်းလုပ်ကိုင်သူပြော ရန်ကုန်တွင် ဗစ်တိုးရီးယားကလေးငယ်အတွက် လူထောင်ချီဆန္ဒထုတ်ဖေါ်

PUBLISHED - July 8, 2019
“ကလေးအ၀တ်အစား DNA ဆိုရင်လည်း ရေလျှော်ပြီးတိုင်းလည်းမပျောက်ပါဘူးရှိ တယ်။ DNA ဆိုတာ ဘယ်လောက်ပဲ နှစ်ပေါင်းများစွာရှိရှိ ကျန်ခဲ့ပါတယ်။” ရှင်ငြိမ်းမယ် (မာမီကွတ်-ခိုကိုးရမဲ့ကိုယ်ဝန်ဆောင်များ ကူညီရေး)
ဒီကနေ့ ရန်ကုန်မြို့မှာ ဗစ်တိုးရီးယားကလေးငယ်အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျောက်တော်ကြီးဘုရား ကနေ အောက်မင်္ဂလာဒုံလမ်းမကတစ်ဆင့် အင်းစိန် CID ရုံးအ ထိစီတန်းလှည့်လည်ဆန္ဒထုတ် ဖေါ်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒ ထုတ်ဖေါ်ခဲ့တဲ့ မျိုးရိုးဗီဇ DNA စစ်ဆေးခြင်းလုပ်ကိုင်သူ ရှင်ငြိမ်းမယ်(မာမီကွတ်-ခိုကိုးရမဲ့ကိုယ်ဝန်ဆောင်များကူညီရေး ) က အထက်ပါအတိုင်းပြောကြားခဲ့ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူကတော့ ဗစ်တိုးရီးယား ကလေးငယ်ရဲ့ဘောင်းဘီကို ၎င်းရဲ့မိခင်ကလျှော်ရန် ရေထဲစိမ်လိုက်တဲ့အတွက် DNA စစ်လို့ မဖြစ်နိုင်တော့ကြောင်းနဲ့ဓါတုဗေဒပိုင်းအရပဲစစ်လို့ရတော့တယ်လို့ မီဒီယာများ ကိုပြောကြားထားခဲ့ပါတယ်။
https://www.facebook.com/1120229281493723/videos/2226798937439168/