ကလေးမြို့နယ်ရှိ NLD ပါတီရုံး ဖျက်ဆီးခံရ

PUBLISHED - November 18, 2021
စစ်ကိုင်း၊ နိုဝင်ဘာ ၁၈ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့နယ်ပါတီရုံးအတွင်းရှိ ရုံးတွင်းပစ္စည်းများ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ အချို့က ပြောပါတယ်။
“ရုံးထဲကို ဝင်ဖျက်သွားကြတာ။ ထိုင်ခုံတွေ ကျိုးကုန်တယ်။ အလှဆင်ထားတာတွေ ဖျက်ဆီးခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ NLD ပါတီရုံးများသည် မကြာခဏ ဖောက်ခွဲဖျက်ဆီးခံနေရကြောင်း သိရပါတယ်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ပန်းတောင်း-ပုပ္ပားကားလမ်းဘေး၊ ပုပ္ပားကျေးရွာရှိ ဒေါ်ခင်ကြည် ဖောင် ဒေးရှင်း အခမဲ့ကွန်ပြူတာ သင်တန်းကျောင်းလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
#PeopleMedia #ကလေးမြို့NLDပါတီရုံး
(unicode)
ကလေးမွို့နယျရှိ NLD ပါတီရုံး ဖကြျဆီးခံရ
…………………………………………….