ကလေးမြို့နယ်၊ သံဖိုရွာအနီးရှိ PDF စခန်း ၁ ခုအား သိမ်းဆည်းရရှိ

PUBLISHED - February 24, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သံဖိုရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်အတွင်းရှိ အကြမ်းဖက်များခိုအောင်းနိုင်သည့်နေရာများနှင့် အကြမ်းဖက်စခန်းများအား ရှင်းလင်းလျက်ရှိရာ ယနေ့တွင် ကလေးမြို့နယ် သံဖိုရွာအနီးရှိ PDF အကြမ်းဖက် စခန်းအားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကဲ့သို့ ရှင်းလင်းရာတွင် ကျား ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ မှန်ပြောင်း ၁ လက်၊ ၁၂ ဗို့ကျည် ၃၄ တောင့်၊ လူနေတဲ ၂၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ ယမ်းကြိုး/ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
#PeopleMedia #ကလေး #PDF
(unicode)
……………………………………………….