ကလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ဗုံးပေါက်ကွဲမှုဖြစ်

PUBLISHED - November 16, 2021
ကလေး၊ နိုဝင်ဘာ ၁၆ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ (၂) ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှာသိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်က ကလေးမြို့တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် သတင်းအရ လုံခြုံရေး အဖွဲ့များက သွားရောက် စစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းတိုက်အနီး ဖူဆယ်ကွင်းမှ ဝါယာကြိုးများ၊ ပိုက်စများတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လူထိခိုက်ဒဏ်ရာရတာကတော့ မရှိပါဘူး။ ဓမ္မာရုံက ပြတင်းပေါက်တွေကတော့ ပေါက်ကွဲမှုကြောင့် ပျက်းစီးတာတွေ ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာကြည့်တဲ့အခါကျတော့ ကျောင်း တိုက်နဲ့ ကပ်ရပ် ဘောလုံးကွင်းမှာ အသုံးပြုခဲ့တဲ့ပစ္စည်းတချို့ကို တွေ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါ တယ်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်၌ ဆရာတော်၊ သံဃာတော်များ လုပ်ကြံသတ်ဖြတ်မှုများ ခံနေရလျက်ရှိပါ တယ်။
Photo – credit
#PeopleMedia #ကလေးမြို့
(unicode)
ကလေးမွို့၊ မဟာဝိသုဒ်ဓါရုံတိုကျသဈ ကြောငျးတိုကျရှိ ဓမ်မာရုံ၌ ဗုံးပေါကျကှဲမှုဖွဈ
…………………………………………………………
Photo – credit