ကလေးမြို့၌ COVER KING ဖုန်းအပိုပစ္စည်းအရောင်းဆိုင်လုပ်ငန်းပိုင်ရှင်ဖြစ်သူသည် Silent Strike Day ပြု လုပ်ရန် Facebook ၌ ရေးသားမှုကြောင့် ဖမ်းဆီးခံရ

PUBLISHED - January 31, 2022
စစ်ကိုင်း၊ ဇန်နဝါရီ ၃၁ (People Media)
ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ကျော်သူရ(ခ) စတိန်နာ ရမ်၊ COVER KING ဖုန်းအပိုပစ္စည်းအရောင်းဆိုင်လုပ်ငန်းလုပ်ကိုင်သူသည် လူမှုကွန်ယက်၌ Silent Strike Day ပြုလုပ်ရန် ရေးသားခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။
“ဖမ်းဆီးခံရတာ မှန်ပါတယ်။ ဆိုင်ပါ ချိတ်ပိတ်သွားတယ်” လို့ မြို့ခံတစ်ဦးက ပြောသည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် လုပ်ငန်းရှင်အချို့၊ လူပုဂ္ဂိုလ်အချို့သည် ၎င်းတို့၏ Facebook ပေါ်၌ Silent Strike Day ပါဝင်ကြရန် ရေးသားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ လူပုဂ္ဂိုလ်များသည် Silent Strike Day(အသံတိတ်သပိတ်)ပြုလုပ်ရန် Facebook ၌ ဝါဒဖြန်သူများ၊ လှုံ့ဆော်မှုများ၊ ပါဝင်သူများကို ဖမ်းဆီးပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သက်ဆိုင်ရာက ချိတ်ပိတ်သိမ်းဆည်းလျက်ရှိသည်။
#PeopleMedia #ကလေးမြို့
(unicode)
………………………………………………………