• Follow Us on
Latest News

Home ကလေးမြို့ သီတဂူအာရောဂျဒါနဆေးရုံတွင် အောက်စီဂျင်စက်ရုံကို သြဂုတ်လအတွင်း အပြီးတည် ဆောက်မည်

ကလေးမြို့ သီတဂူအာရောဂျဒါနဆေးရုံတွင် အောက်စီဂျင်စက်ရုံကို သြဂုတ်လအတွင်း အပြီးတည် ဆောက်မည်

Share this post

နေပြည်တော်၊ ဇူလိုင် – ၁၆ (People Media)

 

အောက်စီဂျင်လိုအပ်ချက် အများအပြားရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် သီတဂူဆရာ တော်မှ မတည်မှုအပါအဝင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အောက်စီဂျင်စက်ရုံတည်ဆောက်မှုကို လာမည့် သြဂုတ်လအတွင်း အပြီးတည်ဆောက်သွားမယ်လို့ (သီတဂူအာရောဂျဒါနဆေးရုံတော်၊ အလုပ်အမူဆောင်နှင့် ဘဏ္ဍာရှာဖွေရေးကော်မတီ) ဦးသန်းထွန်းကပြောပါတယ်။

 

“ကျွှန်တော်တို့ ဒီလကုန်လောက်မှာ ကြိုးစားနေပါတယ်၊ မြန်နိုင်သလောက်မြန်ချင်ပါတယ်၊ ဒီလကုန်လောက်မှ ငွေရေးကြေးရေးရောစောင့်နေတာပါ” ဟု သီတဂူအာရောဂျဒါနဆေးရုံတော်၊ အလုပ်အမှုဆောင်နှင့် ဘဏ္ဍာရှာ ဖွေရေးကော်မတီမှ ဦးသန်းထွန်းက ပြောပါတယ်။

 

အောက်စီဂျင်စက်ရုံကို တည်ဆောက်ရာတွင် အချိန်အားဖြင့် တစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ တစ်လ အတွင်း၌ စက်ရုံလည်ပတ်ကာ အောက်စီဂျင်ထုတ်လုပ်နိုင်သည်အထိ လုပ်ဆောင်နေလျက်ရှိကြောင်း သီတဂူ အာရောဂျဒါနဆေးရုံတော်၊ အလုပ်အမှုဆောင်အဖွဲ့မှ သိရပါတယ်။

 

“အောက်စီဂျင်စက်ရုံ ထုတ်လုပ်နိုင်မှာကတော့ ဇူလိုင်လကုန်မှာစပြီး၊ သြဂုတ်လကုန်လောက်မှ ထုတ်နိုင်မယ်” (သီတဂူအာရောဂျဒါနဆေးရုံတော်၊ အလုပ်အမှုဆောင်နှင့် ဘဏ္ဍာရှာဖွေရေး ကော်မတီ) ဦးသန်းထွန်းကပြောပါ တယ်။

 

လက်ရှိ ကလေးမြို့တွင် ကိုဗစ်ရောဂါကူးစက်မှုများပြားနေသည့်အတွက် နေ့စဉ်အောက်စီဂျင်လိုအပ်ချက်အ မြောက်အများရှိပြီး အောက်စီဂျင်လုံလောက်စွာမရရှိခြင်းကြောင့် အသက်သေဆုံးသူများလည်းရှိနေကြောင်း ဒေသခံများထံက သိရပါတယ်။

 

#PeopleMedia #ကလေးမြို့ #အောက်စီဂျင်စက်ရုံ

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


Share this post