ကောလင်းနဲ့ ကန့်ဘလူအစပ် တောလမ်း၌ စစ်သွေးကြွအဖွဲ့ရဲ့ ထောက်ပို့ယာဉ်များကို လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်း
PUBLISHED - December 2, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၂
စစ်ကိုင်တိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ တောလမ်း၌ စစ်သွေးကြွ PDF အဖွဲ့၏ ထောက်ပို့ယာဉ်များကို တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၂၉)ရက် ည (၁၁)နာရီခန့်က ကောလင်းမြို့နယ် ဆပ်သွားချောင်းကျေးရွာအနီးရှိ စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ထောက်ပို့ကားများကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၄)လုံး ကြဲချကာ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် နိုဝင်ဘာလ (၃၀)ရက် နံနက် (၉)နာရီခန့်နှင့် (၁၁)နာရီခန့်တို့တွင် ကောလင်းမြို့နယ် သီးကုန်းကျေးရွာနှင့် တောင်ကြားကျေးရွာအနီးရှိ စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ထောက်ပို့ကားများကို တပ်မတော်မှ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ရှင်းလင်းခဲ့သည်။
ယင်းသို့ ရှင်းလင်းခဲ့မှုကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ထောက်ပို့ကားများအနက် ရေနံကား (၄)စီးနှင့် ကုန်ကား (၁)စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
Photo – ပုံဟောင်း
#PeopleMedia