ကောလင်းမြို့နယ် ဥက္ကံကျေးရွာရှိ စစ်သွေးကြွစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်း
PUBLISHED - October 1, 2024
နေပြည်တော်၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာ အရှေ့အိုင်ကြီးလမ်းခွဲနေရာရှိ စစ်သွေးကြွ PDF စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၃၀)ရက် နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က ကောလင်းမြို့နယ် ဥက္ကံကျေးရွာရှိ စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ စခန်းနေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၄)လုံး ကြဲချကာ ရှင်းလင်းခဲ့သည်။
ယင်းသို့ လေကြောင်းဖြင့် ဗုံးကြဲချရှင်းလင်းမှုကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင် (၇)ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၉)ရက် ည (၁၁)နာရီ (၁၀)မိနစ်ခန့်ကလည်း ကောလင်းမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ စစ်သွေးကြွ PDF အဖွဲ့၏ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့မှုကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင် (၁)ဦးသေဆုံးပြီး (၁၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia