ကောလင်းမြို့အနီးတွင် KIA/PDF အလောင်း (၇) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - February 13, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အနီးတွင် KIA/PDF အလောင်း (၇) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၂) ရက် နံနက်ပိုင်းက ကောလင်းမြို့အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/PDF အဖွဲ့ ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် KIA/PDF (၇) ဦး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် KIA/PDF အဖွဲ့ဝင်များ ပိုင်ဆိုင်သည့် အမ်-၂၁ သေနတ် (၁)လက်၊ အမ်-၂၂ သေနတ် (၁) လက်၊ အီတလီနိုင်ငံထုတ် ပစ္စတိုသေနတ် (၁)လက်၊ လက်လုပ်တစ်တောင့်ထိုး သေနတ် (၃)လက်၊ ကျည်အိမ် (၃)ခု၊ ကျည်မျိုးစုံ (၅၇)တောင့်၊ မိုင်းမျိုးစုံ (၄)လုံး၊ လက်လုပ်တိုက်ခလုပ် (၇) စုံနှင့် ပြောက်ကျားယူနီဖောင်း (၁) စုံတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#PeopleMedia