ကော့ကရိတ်တွင် KKO/PDF အဖွဲ့မှ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - November 2, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အကြမ်းဖက် KKO (ခွဲထွက်)/PDF အဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က Drop Bomb ချတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KKO (ခွဲထွက်)/PDF အဖွဲ့မှပစ်ချလိုက်သော Drop Bomb မှာ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့် နောင်လမ်း၊ မြို့တော်ဦးချောင်းလမ်း၊ သစ်စက်လမ်းသွယ်၊ မ/၅၄၆ နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲမှု ကြောင့် နေအိမ်ရှိ ဒေါ်ငွေသန်း ၈၅ နှစ်တွင် ဝဲဒူးဆစ်၊ ယာခြေချင်းဝတ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အေးရီ ၄၀ နှစ်တွင် ယာပေါင်ရင်း မိုင်းစထိမှန်ဒဏ်ရာတို ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရ သည်။
Photo – Credit
#PeopleMedia