• Follow Us on
Latest News

Home ကော့ကရိတ်မြို့တွင် KNU/PDF များ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူ (၄) ဦးအနက် (၁) ဦး သေဆုံး

ကော့ကရိတ်မြို့တွင် KNU/PDF များ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူ (၄) ဦးအနက် (၁) ဦး သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ဝင်းကြီးကျေးရွာသို့ KNU/PDF များ မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူ (၄) ဦးအနက် (၁) ဦး သေဆုံးသွားကြောင်း သိရ သည်။

 

အောက်တိုဘာလ ၁၃ ရက် နေ့လည် ၁၂:၁၀ အချိန်တွင် KNU/PDF များမှ ဝင်းကြီးဆေးရုံကုန်းရှေ့ဘက်သို့ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ရာမှ ထိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေ့လည်ကျောင်း လွတ်ချိန်တွင် နေအိမ်သို့ပြန်သည့် ကျောင်းသူများမှာ ဗုံးစထိမှန်ခဲ့ကြောင်း သိရသည်။

 

ထိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်သည့် ကျောင်းသူ (၄) ဦးအနက် (၁) ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံရောက်ချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post