• Follow Us on

Home ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး စာသင်ကျောင်း ၄၀ ကျော် ယာယီပိတ်ထားရ

ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး စာသင်ကျောင်း ၄၀ ကျော် ယာယီပိတ်ထားရ

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပြီး စာသင်ကျောင်း ၄၁ ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

 

ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၂ ရက်မှစ၍ သြ ဂုတ် ၇ ရက် နံနက်အထိ ယာယီပိတ်ထားသော စာသင်ကျောင်းများမှာ ကော့ကရိတ်မြို့ပေါ်တွင် ၄ ကျောင်း၊ ကျုံဒိုးမမြို့ပေါ်တွင် ၄ ကျောင်းနှင့် ကျေးရွာများတွင် စာသင်ကျောင်း ၃၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာသင်ကျောင်းများတွင် ကျောင်းသား/ကျောင်းသူ ၄၀၆၇ ဦး ပညာတက်‌ရောက် သင်ကြားလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post