• Follow Us on
Latest News

Home ကော့ကရိတ်မြို့ရှိ လ-ဝ-က ရုံးကို KNU/PDF များမှ မီးရိူ့ဖျက်ဆီး

ကော့ကရိတ်မြို့ရှိ လ-ဝ-က ရုံးကို KNU/PDF များမှ မီးရိူ့ဖျက်ဆီး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်၊ ဗောဓိလမ်းရှိ မြို့နယ်လ-ဝ-က ရုံးကို KNU/PDF များမှ မီးရိူ့ဖျက်ဆီးကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၇ ရက် ည ၁၁ နာရီကျော်တွင် လ-ဝ-က မီးလောင်ကြောင်း သတင်းရရှိသောကြောင့် ဒေသခံ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တို့ စုပေါင်းပြီး မီးငြှိမ်းသတ်ရာ စက်တင်ဘာလ ၂၈ ရက် နံနက် ၁ နာရီကျော် တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

ထိုမီးလောင်သည့် လ-ဝ-က ရုံး၏ အဆောက်အဦးမှာ မီးလောင်ပျက်စီးသွားကြောင်း စာရွက်စာတန်းများ ပျက် စီးမှုမရှိကြောင်း၊ လက်ရှိအချိန်တွင် လ-ဝ-က ရုံးကို ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ပြောင်းရွှေ့ဖွင့်လှစ်ထား သောကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post