ကော့ကရိတ်မြို့အတွင်းသို့ KKO/PDF များမှ Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်မှုကြောင့် နေအိမ် ၁ လုံးနှင့် ခရီး သည်ယာဉ် ၁ စီးပေါ် ကျရောက်ပေါက်ကွဲ

PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်အတွင်းသို့ ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်က KKO ခွဲထွက်နှင့် PDF အဖွဲ့များမှ Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးနှင့် ခရီးသည်ယာဉ် ၁ စီးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခဲ့ရာ ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးမောင်မောင်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၅ သိန်းခန့် ဆုံးရှုံးခဲ့ ကြောင်းနှင့် ကျန်ဗုံးသီး ၁ လုံးမှာ ဦးမောင်မောင်နေအိမ်အနီးရှိ ဘုန်းမြင့်ဇော် ခရီးသည်တင်ယာဉ်ပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၇၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Photo – Credit
#PeopleMedia