ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ
PUBLISHED - November 23, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ညပိုင်းတွင် လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ကော့ကရိတ်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀ ခန့်အကွာရှိ ဆင်ကုန်းကျေးရွာသင်္ချိုင်းကုန်းဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ကျည်များသည် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးထွန်းရင်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia