• Follow Us on
Latest News

Home ကော့ကရိတ်မြို့အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့တို့မှ လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်ရာ ပြည်သူ (၈) ဦး ဒဏ်ရာရရှိ

ကော့ကရိတ်မြို့အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့တို့မှ လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်ရာ ပြည်သူ (၈) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့တို့မှ လက် နက်ကြီးကျည်ဖြင့် ပစ်ခတ်ရာ ပြည်သူ (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၉ ရက် နံနက် ၇:၃၀ အချိန်တွင် KKO(ခွဲထွက်) အဖွဲ့နှင့် PDF အဖွဲ့တို့မှ ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် ကော့ကရိတ်မြို့သို့ ပစ်ခတ်ရာ ဗုံးသီး (၁) လုံးမှာ အမှတ်(၇) ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် ကျရောက်ပေါက်ကွဲပြီး၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ဦးရပ်တွင်ဗုံး (၁) လုံးပေါက်ကွဲ၍ ကျန် ဗုံး(၁) လုံးမှာ ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

 

ထိုကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၅) နှစ်အရွယ် စောဉာဏ်လင်းမှာ ဘယ်လက်မောင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ အသက်(၃၀) နှစ်အရွယ် ဦးဝင်းလှိုင်မှာ ညာဘက် ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ အသက် (၃၀) နှစ်အရွယ် ဒေါ်အေးသန္တာလှိုင် ညာဘက်ပေါင်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ အသက်(၃၃) နှစ်အရွယ် ဒေါ်သန်းသန်းအေး ဦးခေါင်းငယ်ထိပ်ရှပ်ဒဏ်ရာ ၁ ချက်၊ အသက်(၄၀) နှစ်အရွယ် ဦးသိန်းဝင်း ညာခြေသန်း ကြွယ်ထိမှန်ဒဏ်ရာ ၁ ချက် နှင့် အသက်(၅၃) နှစ်အရွယ် ဦးရူပါ ဘယ်ဘက်ခါး စောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post