ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

PUBLISHED - May 3, 2024
နေပြည်တော်၊ မေ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စား သောက်ရေးအဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယအမန်နေ့နံနက်ပိုင်းတွင်လည်း ရပ်ကွက် အတွင်းရှိ နေအိမ်များအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေး ရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကော့ကရိတ်မြို့တွင် ရပ်ကွက် (၇) ရပ်ကွက်နှင့် ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာတို့တွင် အိမ်ခြေပေါင်း (၁၀၄၃၂) အိမ်၊အိမ်ထောင်စုပေါင်း (၁၁၀၁၉) စုနှင့် လူဦး ရေပေါင်း (၆၉၂၃၈) ရှိပြီး အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စုအားလုံး ယာယီရွှေ့ပြောင်းနေထိုင်ကြရာမှ ကော့ရိတ်မြို့အတွင်းသို့ ဧပြီလ ၂၇ ရက်နေ့မှစတင်ပြီး ယာယီရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယမန်နေ့တွင်လည်း ယာယီရွှေ့ပြောင်းနေထိုင် သူ (၃၈၇)ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် (၈) ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ခေါက်ဆွဲထုပ် (၁၀) ထုပ် ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပစ္စည်းပုံးများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ သည်။
#PeopleMedia