ကော့စမွီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်လို့ ယူဆရတဲ့ပြင်သစ်အမျိုးသမီးက ထိုင်းအိမ်ဖော်ကို ဘတ်သန်း ၅၀ တန်ကြေးရှိ ပစ္စည်းနဲ့ ငွေကြေးများ လွှဲပြောင်းပေးခဲ့

PUBLISHED - May 3, 2024
နိုင်ငံတကာ၊ မေ ၃
တန်ဖိုးကြီးအိမ်ကြီးရခိုင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပြင်သစ်နိုင်ငံသားအမျိုးသမီးအလုပ်ရှင်က ၎င်းပိုင် ဆိုင်တဲ့ ဘတ် သန်း ၁၀၀ ထဲက ဘတ်သန်း ၅၀ ကို ထိုင်းအိမ်ဖော်ကို သေတမ်းစာနဲ့ ပေးခဲ့ကြောင်း အဆိုပါ ထိုင်းအိမ်ဖော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကော့စမွီကျွန်းပေါ်က အိမ်တစ်လုံးမှာရှိတဲ့ ရေကူးကန်ထဲက ရေပေါ်အိပ်ရာပေါ်မှာ သေဆုံးနေတဲ့ အသက် ၅၉ နှစ်အရွယ် ကက်ကရင်းဒီလာကုတ်ကို တနင်္လာနေ့ (ဧပြီ ၂၉ ရက်နေ့) က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကက်ကရင်းဒီလာကုတ်က ၎င်းပိုင်ဆိုင်မှုထဲက ဘတ်ငွေ သန်း ၅၀ တန်ကြေးရှိတဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ဖော် ဖြစ်သူ ဆခုန်နခုန်ပြည်နယ်က နတ်သာဝါလိုင်း ခေါ် တမ်ကိုပေးထားခဲ့ကြောင်း Line message ပို့ထားခဲ့တယ် လို့ အဆိုပါအိမ်ဖော်ဖြစ်သူက ရဲတပ်ဖွဲ့ဝင်တွေကို ပြောပါတယ်။
သေဆုံးသွားတဲ့ပြင်သစ်နိုင်ငံသူ အလုပ်ရှင်ဟာ ၎င်းအတွက် တန်ဖိုးကြီးနေအိမ်တစ်လုံး၊ အိမ်အနီးရှိ မြေ ၂ ရိုင် (ဝ.၃၂ ဟက်တာ)၊ ဇိမ်ခံကားတစ်စီး၊ မီးခံသေတ္တာထဲက လက်ဝတ်လက်စားတချို့နဲ့ ဘဏ်အကောင့်ထဲက ငွေ သားအချို့ကို ပေးခဲ့တယ်လို့ Line message မှာ ဖော်ပြထားကြောင်း တမ်က ရဲတပ်ဖွဲ့ဝင်တွေကို ပြောပါတယ်။
ဒီလာကုတ်က ၎င်းရဲ့ကြောင်ကလေး ၃ ကောင်ကို ဂရုစိုက်ဖို့ message ထဲမှာ တမ်ကိုမှာကြားခဲ့သလို အခြား ငှားထားတဲ့ အိမ် ၂ လုံးကိုလည်း ၎င်းရဲ့ ခင်ပွန်းဟောင်း ဗင်းဆင့်အတွက် ချန်ထားခဲ့ကြောင်း ရေးသားထား တယ်လို့ တမ်က ရဲတွေကို ပြောပါတယ်။
အခုအချိန်အထိ ရဲတပ်ဖွဲ့က အမှုကို အပြီးသတ်ကောက်ချက်မချရသေးပေမဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဖြစ် နိုင်တယ်လို့ ယူဆထားပါတယ်။
ဒီလာကုတ်ဟာ ၎င်းထံမှာ ကင်ဆာရှိနေကြောင်း သိလိုက်ရချိန်မှာ ကိုယ့်ကိုယ်သေနတ်နဲ့ ပစ်သတ်ပြီး လုပ်ကြံခဲ့ တယ်လို့ သံသယရှိနေပါတယ်။ ၎င်းအနားမှာ ပစ္စတိုတစ်လက်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရေကူးကန်ကင်မရာဆင်ထားတဲ့အနေအထားကြောင့် သံသယဖြစ်ဖွယ်ရာရှိတဲ့ ဒီသတ်သေမှုကို လုံခြုံ ရေးကင်မရာက မှတ်တမ်းတင်မထားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
၎င်းအနေနဲ့ ပြင်သစ်အမျိုးသမီးမိတ်ဆွေတစ်ဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် ဒီလာကုတ်နဲ့ သိကျွမ်းခဲ့ပြီး ဒီလာ ကုတ်ထံမှာ အိမ်ဖော်အဖြစ် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း တမ်က ပြောပါတယ်။
ဒီလာကုတ်နဲ့ ၎င်းရဲ့ ခင်ပွန်းဟောင်းဟာ အိမ်ငှားလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကော့စမွီကျွန်းကို လွန်ခဲ့တဲ့ ၁၂ နှစ်က ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီလာကုတ်ဟာ ဇိမ်ခံအိမ်ကြီးတွေ ငှားရမ်းတဲ့လုပ်ငန်း တိုးချဲ့ဆောင်ရွက်ခြင်းမပြုခင် ဆူရတ်ဌာနီပြည်နယ်က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ကျွန်းပေါ်မှာ အခန်းငှားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း တမ်က ပြောပါတယ်။
ဒီလာကုတ်သေဆုံးနေတာကို တွေ့ရှိကြောင်း ရေကူးကန်သန့်ရှင်းရေးသမားတစ်ဦးထံက ဖုန်းလက်ခံရရှိတဲ့အ ချိန်မှာ အဲဒီဇိမ်ခံအိမ်ကြီးမှာ ၎င်းရှိမနေကြောင်း တမ်က ပြောပါတယ်။
တမ်က အိမ်ကြီးထံ အပြေးအလွှားသွားရောက်ခဲ့ရာ ရေပေါ်အိပ်ရာပေါ်မှာ ဒီလာကုတ်ရဲ့အလောင်းကို တွေ့ရှိခဲ့ရ ပြီး အလောင်းဘေးက ပစ္စတိုသေနတ်ကိုတော့ တခြားအလုပ်သမားတစ်ယောက်က တွေ့ရှိခဲ့တယ်လို့ ဆိုပါ တယ်။
ဒီလာကုတ်ဟာ တမ်ရဲ့လစာကို လွှဲပြောင်းပေးခဲ့သလို အင်တာနက်ဖိုး၊ ရေဖိုး၊ မီးဖိုး ဘေလ်တွေပေးချေဖို့နဲ့ ၎င်းရဲ့ဈာပနကျင်းပဖို့အတွက် ဘတ်ငွေ ၅၀၀၀၀၀ ကိုလည်း လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
Ref: Samui maid claims French woman found shot dead left her THB50m
#PeopleMedia