• Follow Us on

Home ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းရှိ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်း

ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းရှိ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်း

Share this post

နေပြည်တော်၊ ဧပြီ ၂၇

 

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ မတ်လ ၂၄ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လာခဲ့ရာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှလည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ကြောင်း နစကမှ ထုတ်ပြန်လိုက်သည်။

 

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ခဲ့ကြရာ တပ်မတော်စစ်ကြောင်းများက ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation)ကို ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား များနှင့် စုစုပေါင်းထိတွေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဓမ္မသတ်ကျေးရွာအား ဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ ၂၅ ရက်တွင်လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

အကြမ်းဖက်သမားများအနေဖြင့် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် အကာအကွယ်ရယူပြီး တပ်မတော်စစ်ကြောင်းများအား ပစ် ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများ သည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနှင့် ဌာန ဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက် ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများ၌ တည်ငြိမ်အေးချမ်းပြီဖြစ်သည့်အတွက် အေး ချမ်းစွာနေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် မိမိကျေးရွာများသို့ စတင်ပြန်လည်ဝင်ရောက်နေ ထိုင်လာကြပြီဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post