ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကင်းမွန်မီးထွန်းလှေတစ်စီးအား တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်
PUBLISHED - February 16, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန် သွားရောက် ရှာဖွေရာ လှေအား မတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက် လက်လိုက်လံရှာဖွေခဲ့ကြသည်။
ထိုသို့ရှာဖွေရာစဉ် လှေသား ၃ ဦးအား ရှာဖွေတွေ့ရှိ ကယ်ဆယ်ခဲ့ပြီး အဆိုပါ လှေသားများ၏ ပြောကြားချက် အရ မီးထွန်းလှေတွင် လှေသား ၈ ဦး ပါရှိကြောင်း သိရှိရ ၍ ဆက်လက်လိုက်လံရှာဖွေရာ ၎င်းနေရာအနီးတွင် ရှိသော ရတနာထွန်း-၁ အမည်ရှိ မီးထွန်းလှေမှ လှေသား ၄ ဦးအား ကယ်ဆယ်ထားသဖြင့် စုစုပေါင်းလှေသား ၇ ဦးအား ရေယာဉ် ပေါ်သို့ တင်ဆောင်ကာလိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
#PeopleMedia