• Follow Us on
Latest News

Home ကော်စေ့ထုတ်လုပ်သည့် စက်ထဲသို့ အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းညှပ်၍ သေဆုံး

ကော်စေ့ထုတ်လုပ်သည့် စက်ထဲသို့ အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းညှပ်၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက်ရှိ ဝမ်းချူဘောလုံးထုတ်လုပ်သည့် စက်ရုံရှိ ဝန်ထမ်း အမျိုးသမီးတစ်ဦး စက်ထဲသို့ အင်္ကျီစညှပ်ပါပြီး ဦးခေါင်းညှပ်၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁ ရက် နံနက် ၁၁ နာရီကျော်တွင် အမျိုးသမီးငယ်တစ်ဦးမှာ ၎င်း၏အင်္ကျီစတွင် အလှ ဆင်ထားသည့် ဖဲပြားချည်ကြိုးမှ စက်ထဲသို့ညှပ်ပါပြီးနောက် လူပါပါသွားပြီး ဦးခေါင်းတစ်ခြမ်းထိ၍ သေဆုံးသွား ကြောင်း သိရသည်။

 

ထိုသေဆုံးသည့် အမျိုးသမီးမှာ အသက် ၁၈ နှစ်ရှိပြီး ၎င်းမှာ ကော်စေ့များကို အိတ်ထဲစုပြီး ထည့်နေချိန်တွင် အင်္ကျီစဖဲကြိုးမှတစ်ဆင့် ညှပ်သွားကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းယာဉ်မှ စံပြဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post