• Follow Us on

Home ကော်သူးလေအာမီအဖွဲ့မှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အမျိုးသားတစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရရှိ

ကော်သူးလေအာမီအဖွဲ့မှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အမျိုးသားတစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ (KTLA) ကော်သူးလေအာမီအဖွဲ့မှ ဒရုန်းဖြင့်ပစ်ခတ်ရာ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်မောင်၏ နေအိမ်သို့ကျရောက်ပေါက်ကွဲပြီး ထိုအမျိုးသားမှာ ၎င်း၏နေအိမ်အရှေ့တွင် လှမ်းထားသည့် ကွမ်းသီးများအား ထွက်ကြည့်စဉ် မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်တွင် ကော့ကရိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဗုံးစထိမှန်၍ ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦး ဆေးကုသကြောင်း သတင်းရရှိသောကြောင့် တာဝန်ရှိသူများမှ သွား ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုဗုံးစထိမှန်၍ ဒဏ်ရာရရှိသည့် အသက်(၃၇) နှစ်အရွယ် ဦးမောင်မောင်မှာ ညာဘက်ခြေသလုံးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post