• Follow Us on

Home ကံကြီးကုန်း ပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စစ်သွေးကြွတွေ ထပ်မံစုဖွဲ့နေ၊ မန္တလေးနဲ့ ဆားလင်းကြီးက စစ်သွေးကြွ PDF များပါ ရောက်လာဟုဆို

ကံကြီးကုန်း ပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စစ်သွေးကြွတွေ ထပ်မံစုဖွဲ့နေ၊ မန္တလေးနဲ့ ဆားလင်းကြီးက စစ်သွေးကြွ PDF များပါ ရောက်လာဟုဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်ကျေးရွာကို တိုက်ခိုက်ရန် စစ်သွေးကြွတွေ ထပ်မံစုဖွဲ့နေပြီး မန္တလေးနှင့် ဆားလင်းကြီးမှ စစ်သွေးကြွ PDF အဖွဲ့ဝင်များပါ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

 

ဩဂုတ်လ (၂၈)ရက်က ကံကြီးကုန်းကျေးရွာကို တိုက်ပွဲဖော်ဆောင်ရာတွင် မအောင်မြင်သည့်အတွက် အင်အားတွေ ထပ်မံဖြည့်နေပြီး မန္တလေး PDF အဖွဲ့ဝင်များနှင့် ဆားလင်းကြီး စစ်သွေးကြွ PDF အဖွဲ့ဝင်များ ရောက်ရှိလာကြောင်းနှင့် မန္တလေး PDF အယောက် (၂၀၀)ခန့် လာရောက်ရာတွင် KIA အဖွဲ့ဝင်များ ပါဝင်နေကြောင်း သိရသည်။

 

စစ်သွေးကြွ မန္တလေး PDF အဖွဲ့ဝင်များအနေဖြင့် မြောင်မြို့နယ်ဘက်မှ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာ ဘက်သို့ လာရောက်နေပြီဖြစ်ကြောင်းနှင့် ဆလင်းကြီးမြို့မှ အင်အား (၁၀၀)ခန့်ရှိသည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာရှိ သိန်းသန်းဘုန်းကြီးကျောင်းကို အခြေပြုကာ အင်အားစုဖွဲ့နေကြောင်း သိရသည်။

 

#PeopleMedia


Share this post