ကံဆိုးမိုးမှောင်ကျသွားအောင် လုပ်နိုင်ပေမဲ့ လက်စားချေလိုစိတ်မရှိကြောင်း ရဲချုပ်ကြီးဆူရာချိတ်ပြော
PUBLISHED - September 28, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈
မိမိကိုဆန့်ကျင်နေသူတွေကို ကံဆိုးမိုးမှောင်ကျသွားအောင်လုပ်နိုင်တဲ့ သတင်းအချက်အလက်တွေ မိမိထံမှာရှိ ပေမဲ့ ဆန့်ကျင်နေတဲ့ ထိပ်တန်းအရာရှိလေးငါးဦးကို ပြန်လည်လက်စားချေလိုတဲ့ဆန္ဒ မရှိကြောင်း ရဲတပ်ဖွဲ့ ဒုတိ ယအကြီးအကဲ ရဲချုပ်ကြီးဆူရာချိတ်ဟတ်ဖန်းက ပြောကြားလိုက်ပါတယ်။
“ကျွန်တော် ကလဲ့စားမချေချင်ပါဘူး။ ကျွန်တော့်ဆီမှာ သတင်းအချက်အလက်တွေ အများကြီးရှိတယ်။ ကျွန် တော်သာအဲဒီသတင်းအချက်အလက်တွေကို ဖော်ထုတ်လိုက်ရင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှာရှိတဲ့သူအားလုံး ငါး ပါးမှောက်သွားလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော် ဒါတွေကိုဖော်ထုတ်မှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲတပ်ဖွဲ့အတွက် ကာကွယ်ချင်တဲ့ဆန္ဒရှိနေ တုန်းပါပဲ။” လို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ Channel 9 ရုပ်သံဌာနရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေရာစဉ် ဆူရာ ချိတ်က ပြောပါတယ်။
အွန်လိုင်းလောင်းကစားဝက်ဆိုက်တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဘန်ကောက်မှာရှိတဲ့ ၎င်းရဲ့ငှား ရမ်းထားတဲ့အိမ်ကို လူသိရှင်ကြားဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ရဲချုပ်ကြီးဆူရာချိတ်က အခုလိုပြောကြားလိုက် တာဖြစ်ပါတယ်။
လောင်းကစားဝက်ဆိုက်တွေနဲ့ပတ်သက်တဲ့ ငွေကြေးကိစ္စတွေကို အခြေခံပြီး အဲဒီဝင်ရောက်စီးနင်းရှာဖွေမှုကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိကြီးတွေက ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
ဘန်ကောက်မြို့က ရဲချုပ်ကြီးဆူရာချိတ်ရဲ့ ငှားရမ်းထားတဲ့အိမ်ကို ဝင်ရောက်စီးနင်းတာဟာ ဘန်ကောက်မြို့နဲ့ ဖတ်ချာဘူရီပြည်နယ်၊ ဆမွတ်ဆခုန်ပြည်နယ်၊ ခုန်ခီယမ်ပြည်နယ်၊ ဥဒါန်းဌာနီပြည်နယ်နဲ့ ဆရာဘူရီပြည်နယ်စ တဲ့ပြည်နယ် ငါးပြည်နယ်က အိမ်ပေါင်း ၃၀ ဝန်းကျင်ကို ရှာဖွေစစ်ဆေးခဲ့တဲ့ “မဟာရှင်းလင်းရေးနေ့” လို့အမည် ပေးထားတဲ့ စစ်ဆင်ရေးရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
ဝင်ရောက်ရှာဖွေခဲ့တဲ့ အိမ်လေးငါးလုံးကို ရဲချုပ်ကြီးဆူရာချိတ်နဲ့ နီးစပ်တဲ့ ရဲအရာရှိတွေပိုင်ဆိုင်ထားတာဖြစ်ပြီး အဲဒီရဲအရာရှိတွေဟာ ဘတ်ငွေ ၁ ဘီလျံလည်ပတ်ငွေနဲ့အတူ လာအိုနိုင်ငံမှာအခြေပြုလှုပ်ရှားနေတဲ့ အွန်လိုင်း လောင်းကစားဝက်ဆိုက်တွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
၎င်းရဲ့လက်အောက်က ရဲအရာရှိ ၈ ဦးကို ဖမ်းဝရမ်းထုတ်ပေးဖို့ ရဲတပ်ဖွဲ့က တရားရုံးကို ဝရမ်းလျှောက်ထားချိန် မှာ တရားရုံးကို မထီမဲ့မြင်ပြုခဲ့ကြောင်း တိုင်တန်းဖို့အတွက် တောင်ပိုင်းဘန်ကောက်ပြစ်မှုဆိုင်ရာတရားရုံးကို တိုင်တန်းလွှာတစ်စောင်ပေးပို့သွားဖို့ ရဲချုပ်ကြီးဆူရာချိတ်ဟာ ၎င်းရဲ့ရှေ့နေဖြစ်သူ အေနန်ချိုင်းချိုင်ဒက်ကို ညွှန် ကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ ဖမ်းဝရမ်းလျှောက်ထားခဲ့တဲ့အချိန် အဲဒီရဲအရာရှိတွေရဲ့အဆင့်ကို ထည့်သွင်း ဖော်ပြခြင်းမရှိဘဲ ချန်ထားခဲ့ကြောင်း၊ တကယ်လို့ ရဲအရာရှိတွေရဲ့အဆင့်တွေကိုထည့်သွင်းဖော်ပြခဲ့ရင် တရားရုံး က ဖမ်းဝရမ်းထုတ်ပေးမှာမဟုတ်ဘဲ ဆင့်ခေါ်စာကိုသာ ထုတ်ပေးမှာဖြစ်ကြောင်း ဆူရာချိတ်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို အခုလို ဖမ်းဝရမ်းထုတ်ပေးလိုက်တာဟာ လျော်ကန်သင့်မြတ်မှုမရှိဘူးလို့ ၎င်းအနေနဲ့ထင် မြင်ကြောင်း ဆူရာချိတ်က ပြောပါတယ်။ ရဲချုပ်ကြီးဆူရာချိတ်ဟာ ၎င်းငှားရမ်းထားတဲ့ အိမ်ခန်းငါးခန်းကို ဝင်ရောက်ရှာဖွေဖို့ တရားရုံးက ရဲတပ်ဖွဲ့ကို ဝရမ်း ထုတ်ပေးခဲ့တဲ့အတွက်လည်း တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ အဲဒီပြစ်မှုဆိုင်ရာတရားရုံးကို တိုင်တန်းစာတစ်စောင်ပေး ပို့ခဲ့သေးတယ်လို့ဆိုပါတယ်။
အဲဒီအိမ်တွေကို ၎င်းငှားရမ်းထားတဲ့အိမ်တွေဆိုတဲ့အချက်အလက်တွေကို ရဲလျှောက်လွှာထဲမှာ ဖုံးကွယ်ထားပြီး ၎င်းနာမည်ပျက်အောင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အခုလိုဝင်ရောက်ရှာဖွေတာဖြစ်ကြောင်း ၎င်းကပြောပါ တယ်။
“ကျွန်တော်ဟာ တရားစွဲဆိုမှုကို ရင်ဆိုင်နေရတဲ့သူတစ်ယောက်မဟုတ်တဲ့အတွက် အဲဒီအိမ်တွေဟာ ကျွန်တော့် အိမ်တွေမှန်း တရားရုံးကသိရင် တရားမျှတစွာဆောင်ရွက်မှာဖြစ်ပါတယ်။” လို့ ဆူရာချိတ်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီအိမ်ငါးလုံးဟာ ဥဒါန်းဌာနီက တီးမ်ဆိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့အိမ်တွေဖြစ်ပြီး အဲဒီအိမ် တွေထဲက နှစ်လုံးကို ၎င်းရဲ့လက်အောက်က ရဲအရာရှိတွေနေဖို့ ငှားရမ်းခဲ့တာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ဆူရာ ချိတ်က ပြောကြားသွားပါတယ်။
Ref: I don’t want revenge, insists ‘Big Joke’
#PeopleMedia