• Follow Us on
Latest News

Home ကံပိုင်တည်မြို့အမည်သို့ ပြောင်းလဲသတ်မှတ်လိုက်သည့်အပေါ် ဒေသခံများ ဝမ်းသာကြိုဆို

ကံပိုင်တည်မြို့အမည်သို့ ပြောင်းလဲသတ်မှတ်လိုက်သည့်အပေါ် ဒေသခံများ ဝမ်းသာကြိုဆို

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့အမည်သည် အတိတ်နိမိတ် ကောင်းမွန်မှု မရှိသည့် အတွက် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏ ကျော်ထင် ဦးဇခုန်တိန့်ယိန်းက ကံပိုင်တည်မြို့ဟု ပြောင်းလဲခေါ်ဆိုနိုင်ရန် တင်ပြမှုအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ကန်ပိုက်တီမြို့အားမှ ကံပိုင်တည်မြို့ အဖြစ်သို့ အမည်အတည်ပြု ပြောင်းလဲ သတ်မှတ်ပေးလိုက် ခြင်းအပေါ် ဒေသခံပြည်သူများက ဝမ်းသာကြိုဆို အသိအမှတ်ပြုကြောင်း ကံပိုင်တည် ဒေသခံများက ဆိုကြ သည်။

 

ယခင်က သတ်မှတ်ခေါ်ဆိုနေသည့် ကန်ပိုက်တီမြို့ အမည်သည် တရုတ်ဘာသာစကား အဓိပ္ပါယ်ဖွင့်ဆိုမှုများ အရ ကန်း = ခြောက်သွေ့ခြင်း၊ ပိုက် = ပျက်စီးခြင်း၊ တီ = နေရာ ဆိုသည့် အဓိပ္ပါယ်ထွက်သည့် အတွက် အတိတ်နိမိတ် ကောင်းမွန်သည့် အမည်နာမ မဟုတ်သည့်အတွက် ယခုအချိန်တွင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအရ ကံ = ကံကောင်းခြင်း၊ ပိုင် = ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း၊ တည် = တည်ငြိမ်ခြင်း ဟူ၍ အဓိပ္ပါယ်ကို ဆောင်သည့် ကံပိုင်တည်မြို့အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီ (၂၁) ရက်နေ့တွင် ပြောင်းလဲ ခေါ်ဆိုရန် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

 

ယင်းသို့ အတိတ်နိမိတ်ကောင်းသည့် မြို့အမည် ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်း အပေါ် ဒေသခံ ပြည်သူများ အနေဖြင့် ကန့်ကွက်ခြင်း မရှိကြောင်းနှင့် ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်း၏ အကောင်ထည်ဖော် ဆောင်ပေးနိုင်ခဲ့သည့် အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ကံပိုင်တည်မြို့နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။

 

“ကျနော်တို့ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌကြီးက အမြော်အမြင်ရှိရှိနဲ့ အခုလို မကောင်းတဲ့ နာမည်ကို အတိတ်နိမိတ်ကောင်းတဲ့ အမည်အဖြစ် ပြောင်းလဲခေါ်ဆိုဖို့ အတွက် ပြည်ထဲရေးကို တင်ပြတောင်းဆိုခဲ့တာ၊ အခုဆို အောင်မြင်သွားပြီလို့ ပြောလို့ရတာပေါ့၊ အဲဒါကြောင့်လည်း ဒေသခံတွေကို ဝမ်းပန်းတသာ ကြိုဆိုဂုဏ်ပြုနေပါတယ်”ဟု ၎င်း ဆိုသည်။

 

 

ကံပိုင်တည်မြို့ အမည်အား အမျိုးမျိုး သုံးစွဲနေမှုအပေါ် အမည်မှန် အတိုင်း ပြောင်းလဲ သတ်မှတ်ပေးရန် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားမှုအား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ (၂၁) ရက်နေ့က ခွင့်ပြုခဲ့သည်ဖြစ်သည်။

 

ကံပိုင်တည် ဒေသသည် ယခင် မဖွံ့ဖြိုး မတိုးတက်သေးခင်ကာလက ခြောက်သွေ့ပျက်စီးနေသည့် နေရာတစ်ခု ဖြစ်ခဲ့သည့်အတွက် တရုတ် အခေါ် တရုတ်အသံထွက်ဖြင့် ခြောက်သွေ့ပျက်စီးနေသော နေရာဟု အဓိပ္ပါယ်ရသည့် ကန်းပိုင်တီ (ကန်း = ခြောက်သွေ့ ပိုင် =ပျက်စီး တီ=နေရာ)ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်ဟု လေ့လာ သိရှိရသည်။

 

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကံပိုင်တည်မြို့သည် မြန်မာ-တရုတ်ကုန်သွယ်ရေးစခန်း တည်ရှိသည့် မြို့တစ်မြို့လည်း ဖြစ်ပြီး ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာပေါင်း (၃၀) တို့ဖြင့် ဖွဲ့စည်းထားသော ကံပိုင်တည်မြို့အား ၂၀၁၄ ခုနှစ် အတွင်း၌ မြို့နယ်ခွဲ အဆင့်မှ မြို့အဆင်သို့ ပြောင်းလဲပေးခဲ့ကြောင်းလည်း သိရသည်။

 

မြတ်မင်း

 

#PeopleMedia #ကချင်ပြည်နယ်အစိုးရအဖွဲ့

 

(unicode)


………………………………………

 


 


 


 


 


 

 


 


 


 


 



Share this post