• Follow Us on
Latest News

Home ကံမမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံး

ကံမမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့ နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ ကျောက်မဲကျေးရွာနှင့် ငမဲကျေးရွာတို့တွင် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပြည်သူတစ်ဦးတို့ သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက် ည ၈ နာရီအချိန်တွင် PDF များမှ ကျောက်မဲကျေးရွာတွင် နေထိုင်သည့် ဦးမျိုးမြင့် အောင်၏ နေအိမ်သို့ရောက်ရှိလာပြီး မိသားစုဝင်များရှေ့တွင် သေနတ်ဖြင့် နေအိမ်အတွင်း ပစ်ခတ်သွား ကြောင်း၊ ထိုပစ်ခတ်ခံရသည့် အသက် (၆၆) နှစ်အရွယ် ဦးမျိုးမြင့်အောင်မှာ အခင်းနေရာတွင် သေဆုံးသွား ကြောင်း သိရသည်။

 

အလားတူ ဖေဖောဝါရီလ ၁၅ ရက် ည ၈:၅၀ အချိန်တွင် PDF များမှ ငမဲကျေးရွာတွင် နေထိုင်သည့် အုပ်ချုပ် ရေးမှူး ဦးအေးဇော်၏ နေအိမ်သို့ရောက်ရှိလာပြီး၊ ထိုအုပ်ချုပ်ရေးမှူးကိုလည်း နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ် သွားသောကြောင့် အခင်းနေရတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post