ကျည်အစစ်ဖြင့် စစ်ရေးပြအစီအစဉ်တွင် မလေးရှား ကွန်မန်ဒိုအရာရှိတစ်ဦး ကျည်ထိမှန် သေဆုံး
PUBLISHED - September 7, 2019
မလေးရှားနိုင်ငံ ဆာဘာပြည်နယ်က စစ်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျည် အစစ်ေ တွနဲ့ စစ်ရေးပြ ပြုလုပ်ခဲ့ရာမှာ ကွန်မန်ဒိုအရာရှိတစ်ဦးကျည်ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်ရပ်အ တွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ပြောပါတယ်။
ကျည်ထိမှန်ခဲ့တဲ့ ဗိုလ်မှူးအဆင့် ကွန်မန်ဒိုအရာရှိကို ဆေးရုံကို အချိန်မီပို့ဆောင်ခဲ့ပေမယ့် သေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ရေးပြအစီအစဉ်ဟာ စနစ်တကျဆောင်ရွက်တာခဲ့တယ်လို့ ယုံကြည်ကြောင်းနဲ့ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမယ် လို့ မလေးရှားရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။
ဆက်လက်ပြီး အခုဖြစ်ရပ်နဲ့ပတ်သတ်ပြီး အွန်လိုင်းမှာ မဆင်မခြင် ရေးသားဝေဖန်မှုတွေကို ရှောင်ကြဉ်ကြဖို့ ပြည်သူလူထုကို တောင်းဆိုခဲ့ပါတယ်။
Ref; CNA