ကျန်းမာရေးမကောင်းသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအား သက်ဆိုင်ရာ ဆေးရုံများတွင် ဖြေဆိုခွင့်ပြုမည်

PUBLISHED - March 21, 2022
မြစ်ကြီးနား၊ မတ် ၂၁
ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအနေဖြင့် စာမေး ပွဲဖြေဆိုမည့်ကာလအတွင်း ကျန်းမာရေးချို့ယွင်းပြီး ဆေးရုံတက်ရောက်ရမှုများအတွက် သက်ဆိုင်ရာ ဆေးရုံ များတွင် စာမေးပွဲဖြေဆိုခွင့်ပြုသွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
အလားတူ ထိခိုက်ဒဏ်ရာရပြီး ကိုယ်တိုင်မဖြေဆိုနိုင်သူများအတွက်လည်း ဆေးရုံများတွင် ကိုယ်စားဖြေဆို ခွင့်ပြုသွားမှာဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးစီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ကချင်ပြည်နယ်မှာက စာစစ်ဌာနအနေနဲ့ ၄၈ ခုရှိတယ် စာမေးပွဲဖြေမယ့်နေ့မှာ ကိုဗစ်တွေ့ရှိတဲ့ ကျောင်းသား ကျောင်းသားကျောင်းသူတွေအတွက် အရန် စာမေးပွဲအခန်းတွေရှိတယ် လာရောက်မဖြေဆိုနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေကိုတော့ ကျန်မားရေးဆေးရုံတွေမှာ ကိုယ်စားဖြေခွင့်ပြုသွားမှာဖြစ်တယ်” ဟု ၎င်းက ပြောဆို သည်။
ကချင်ပြည်နယ်တွင် လာမည့် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်သူ စုစုပေါင်း ၁၂၇၇၇ ဦးရှိပြီး စာစစ်ဌာန ၄၈ ခုဖွင့်လှစ်ထားကြောင်း ကချင်ပြည်နယ်ပညာရေးဦးစီးဌာနမှ သိရ သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ၃၅၉၄၆ ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ ၁၀၅၂၅ ဦး အောင်ချက်ရာခိုင်နှုန်း ၂၉.၂၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
မြတ်မင်း
#PeopleMedia
(unicode)
……………………………………………
#PeopleMedia