ကျပ်ငွေ သုံးသိန်း မပေးနိုင်၍ ထွေအုပ်စာရေးကို သတ်ဖြတ်ခဲ့ကြောင်း ကျူးလွန်သူဝန်ခံ

PUBLISHED - December 24, 2021
မောင်တော၊ ဒီဇင်ဘာ ၂၄ (People Media)
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဒီဇင်ဘာလ ၂၂ ရက်နေ့က မောင်တောမြို့နယ် ထွေအုပ်စာရေးကို သတ်ဖြတ် မှုသည် ကျပ်ငွေ သုံးသိန်းမပေးနိုင်၍ သတ်ဖြတ်ခဲ့ကြောင်း ကျူးလွန်သူက ဝန်ခံပြောဆိုလိုက်ပါတယ်။
ဖြစ်စဉ်မှ ဒီဇင်ဘာ ၂၂ ရက်နေ့က မောင်တောမြို့နယ် ထွေအုပ်စာရေးဖြစ်သူသည် ရရန်ရှိသည့် ကျပ်ငွေ ၃ သိန်းကို သွားတောင်းစဉ် ဓါးဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်၌ ကျူးလွန်သူများအနက် တစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားပါတယ်။
“အကြွေးတောင်းရာကနေ စကားများရန်ဖြစ်တယ်လို့တော့ ပြောတယ်။ သူနဲ့အတူ နောက်နှစ်ယောက်လည်း အတူတူပါတယ်လို့ ပြောတယ်။ အခုဖမ်းမိသူက အသက်မပြည်သေးဘူး၊ ကျန်တဲ့သူတွေကိုတော့ လက်ရှိမှာ ဖမ်းဆီးနေတယ်” ဟု နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထွေအုပ်ရုံးစာရေးသေဆုံးပြီးနောက် ကျူးလွန်သည်ဟု ယူဆရနိုင်သူများကို စစ်ဆေးရာမှ ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
#PeopleMedia #ထွေအုပ်ရုံးစာရေး #မောင်တော
(unicode)
……………………………………………………….