ကျိုက်ထိုမြို့နယ်တွင် အမကကျောင်းအုပ်ဆရာမကြီးတစ်ဦးအား PDF မှ ဖမ်းဆီးသွား
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်း အုပ်ဆရာမကြီးတစ်ဦး ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က PDF များမှ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦးသည် ကျောင်း၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့မှ ဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၄ ဦး လာရောက် ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ကျောင်းအုပ်ဆရာမကြီးအား KRF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းနှင့် ပြန် လည်ကယ်တင်နိုင်ရေးအတွက် နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia
(unicode)
……………………………………………
#PeopleMedia