ကျိုက်ထိုမြို့နယ်ရှိ အမကကျောင်းအုပ်ဆရာမကြီးတစ်ဦးအား PDF မှ ဖမ်းဆီးပြီးနောက် သတ်ဖြတ်
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမကကျောင်း အုပ်ဆရာမကြီးတစ်ဦး ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် သတ်ဖြတ်လိုက်သည်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦးသည် ကျောင်း၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့မှ ဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၄ ဦး လာရောက် ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia #ပညာရေး #နစက
(unicode)
……………………………………………