• Follow Us on

Home ကျူးကျော်စစ်ကို ခုခံနေစဉ်အတွင်း ပိုလန်နိုင်ငံထံမှ စစ်ရေးအကူအညီ ယူကရိန်း ပထမဦးဆုံးရရှိ

ကျူးကျော်စစ်ကို ခုခံနေစဉ်အတွင်း ပိုလန်နိုင်ငံထံမှ စစ်ရေးအကူအညီ ယူကရိန်း ပထမဦးဆုံးရရှိ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ကျုူးကျော်တိုက်ခိုက်လာခဲ့ရာ ဒီကနေ့ အချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျူးကျော်ခံရတဲ့ ယူကရိန်းနိုင်ငံအတွက် ခဲယမ်းတွေ တင်ထားတဲ့ ယာဉ်တန်းတစ်ခုကို စေလွှတ်လိုက်ကြောင်း ပိုလန်နိုင်ငံက ကြေညာလိုက်ပါတယ်။

 

အဲဒီအချိန်မှာပဲ ယူကရိန်းနိုင်ငံတွင်းမှာရှိတဲ့ ယူကရိန်းပြည်သူတွေနဲ့ နိုင်ငံခြားသားအားလုံးရဲ့လုံခြုံရေးအတွက် ယူကရိန်းအစိုးရမှာတာဝန်ရှိကြောင်း နိုင်ငံတကာဆက်ဆံရေးနိုင်ဂျီးရီးယားအင်စတီကျုရဲ့ ညွှန်ကြားရေးမှှူးချုပ် ဟောင်း ပါမောက္ခ ဘိုလာအကင်တီရင်ဝါက ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ခဲယမ်းတွေပို့ပေးလိုက်တယ်ဆိုတာကို ပိုလန်ကာကွယ်ရေးဝန်ကြီး မရိုင်းရဲဘရက်ဇက်က တွစ်တာမှာ လူသိရှင်ကြားရေးသားဖောြ်ပလိုက်ပါတယ်။

 

“ကျွန်တော်တို့ ယူကရိန်းနိုင်ငံတွက်လှူဒါန်းထားတဲ့ ခဲယမ်းတွေတင်ထားတဲ့ ယာဉ်တန်းဟာ ကျွန်တော်တို့အိမ်နီး ချင်းနိုင်ငံကို ရောက်သွားပါပြီ။ ကျွန်တော်တို့ ယူကရိန်းကို ထောက်ခံပါတယ်။ ရုရှားကျူးကျော်တိုက်ခိုက်မှုကို စု စည်းညီညွတ်စာဆန့်ကျင်တယ်ဆိုတာကို ပြသလိုက်တာပါ။” လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

 

ယူကရိန်းကိုပို့လိုက်တဲ့ ခဲယမ်းအမျိုးအစားနဲ့ အရေအတွက်ကိုတော့ တွစ်တာထဲမှာ ထည့်သွင်းဖော်ပြမထားပါ ဘူး။ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့နောက်မှာ ပိုလန်နိုင်ငံနဲ့ ချက်သမ္မတနိုင်ငံတွေက ရုရှား လေယာဉ်တွေကို သူတို့နိုင်ငံဝေဟင်ပိုင်နက်ကိုသုံးစွဲခွင့်မပေးဘဲ ပိတ်ပင်လိုက်မယ်လို့ အစောပိုင်းကာလက ကြေညာခဲ့ပါတယ်။

 

ဗြိတိန်နိုင်ငံကလည်း သူတို့လေကြောင်းပိုင်နက်အတွင်း ရုရှားအရပ်ဘက်လေယာဉ်တွေကို ဖြတ်သန်းသုံးစွဲခွင့် မပေးတော့ဘူးလို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကကြေညာခဲ့သလို အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့က လည်း ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

 

ယူကရိန်းအစိုးရအကူအညီမပါဘဲ ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ ယူကရိန်းနိုင်ငံထဲမှာရှိနေတဲ့ သူတို့နိုင်ငံသား တွေရဲ့လုံခြုံရေးကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ပါမောက္ခ ဘိုလာအကင်တီရင်ဝါကကပြောပါတယ်။

 

“စီးပွားရေးအကျိုးသက်ရောက်မှုကလည်း မှတ်သားစရာကောင်းပါတယ်။ ရုရှားနိုင်ငံဟာ ပြည်ပကို ရေနံပို့နေတဲ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ အနောက်ဥရောပကို ဂက်စ်ပို့နေတဲ့အဓိကနိုင်ငံလည်းဖြစ်ပါ တယ်။ ဂက်စ်ပိုက်လိုင်းက ယူကရိန်းပိုင်နက်ကို ဖြတ်သွားရတာပါ။ ယူကရိန်းနိုင်ငံမှာ အခုလို တင်းမာမှုတွေမြင့် တက်နေတာမို့လို့ ယူကရိန်းက သူ့ရဲ့နိုင်ငံခြားငွေရှာဖွေရေးအတွက် ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူနိုင် တဲ့အခြေအနေမျိုးကို ငြင်းပယ်ဖို့ဆိုတာကိုလည်း ထည့်မတွက်ဘဲထားလို့မရပါဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာ ဖြစ်မလာနိုင်ဘူးဆိုပေမဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ရုရှားဆီက ဂက်စ်တွေ ကို အားကိုးနေရတဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းက စစ်ရေးအကူအညီရဖို့ မျှော်လင့်နေတဲ့နိုင်ငံတွေဖြစ်နေ တယ်။ ဂက်စ်တင်ပို့မှုကို ပိတ်ဆို့လိုက်တာဟာ ဥရောပနိုင်ငံတွေကို ဆောင်းတွင်းကြီးမှာ အပြစ်ပေးလိုက်သလို လည်းဖြစ်နေမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဒီပဋိပက္ခကြောင့် နိုင်ငံတကာရေနံဈေးတက်လာနိုင်ပြီး နိုင်ငံဂျီးရီးယားနိုင်ငံအနေ နဲ့ အသုံးချလို့ရကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံမှာ အရံရေနံထက် အရံဂက်စ်က ပိုမိုများပြားကြောင်း ၎င်းက ပြောပါ တယ်။

 

“တကယ်လို့ ရုရှားက ဒီစစ်ပွဲမှာအနိုင်ရသွားရင် အနောက်အာဖရိကမှာ ရုရှားနိုက်ဇေးရှင်းကို မျှော်လင့်ထားရပါ လိမ့်မယ်။ အထူးသဖြင့် ဆာဟဲဒေသမှာရှိနေတဲ့ ဂျီဟတ်ဝါဒီတွေကို ကူညီတိုက်ခိုက်နေတဲ့ ပြင်သစ်တပ်တွေ ပြန် လည်ဆုတ်ခွာတဲ့အခါ ရုရှားတွေပိုပြီး ဝင်လာလိမ့်မယ်။ အနော်ကအာဖရိကမှာ ရောက်ရှိနေပြီးဖြစ်တဲ့ ရုရှားစစ် သားတွေက ပြင်သစ်တွေဖန်တီးခဲ့တဲ့ နေရာလွတ်တွေကို ဝင်ပြီးနေရာယူလိမ့်မယ်။ တကယ်လို့ အမေရိကန်က နိုင်သွားလို့ရှိရင် အဲဒါဟာ ဒီမိုကရေစီအောင်ပွဲဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ နိုင်ဂျီးရီးယား ဒီမိုကရေစီအတွက် တိုးတက်လာမယ်လို့ ပြောတာမဟုတ်ဘူး။ နိုင်ဂျီးရီးယားမှာရှိတဲ့ ဒီမိုကရေစီက ကလိမ်ကကျစ်ဒီမိုကရေစီပါ။ တ ခြားဘယ်နိုင်ငံမှာမှ မကျင့်သုံးဘူး။” လို့ ပါမောက္ခ ဘိုလာအကင်တီရင်ဝါကကပြောပါတယ်။

 

Ref: Russia Invasion: Ukraine gets first military aid from Poland

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Russia Invasion: Ukraine gets first military aid from Poland

 

#PeopleMedia


Share this post