• Follow Us on
Latest News

Home ကျင်ဒွေးမြို့တွင် ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ဝန်ထမ်းတစ်ဦး သေဆုံး

ကျင်ဒွေးမြို့တွင် ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ဝန်ထမ်းတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပညာရေးဌာန အထွေထွေလုပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၈)ရက် ညနေ (၄)နာရီ (၅၀)မိနစ်အချိန်က ကျင်ဒွေးမြို့၊ အထက ကျောင်းဝန်းအတွင်းတွင် နေထိုင်သည့် ပညာရေးဌာန အထွေထွေလုပ်သား ဦးဝင်းဦးသည် ကျောင်းဝန်းအတွင်းရှိ အိမ်သာသို့သွားစဉ် ချင်းလက်နက်ကိုင်အဖွဲ့ဝင်များမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးဝင်းဦး၏ ဘယ်ဘက်လက်မောင်း ဖောက်ဝင်ပြီး ညာချိုင်းအောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များမှ ကျင်ဒွေးတစ်မြို့လုံးကို မီးရှို့နေကြောင်း သိရပြီး လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့်ပစ်ခတ်ခြင်း၊ သောက်သုံးရေ ဖြတ်တောက်ခြင်း များလည်း ပြုလုပ်နေကြောင်း သိရသည်။

 

ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင် အဖွဲ့များဖြစ်သည့် CNF၊ CDF အဖွဲ့များနှင့် PDF၊ AA စသည့် ပူးပေါင်း အဖွဲ့များမှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်မှ စတင်ပြီး လက်ရှိအချိန်ထိ ရက်ပေါင်း (၆၀)ခန့် ဝန်းရံပိတ်ဆို့ ထားသဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများ စုစုပေါင်း (၃၈၁)ဦး ပိတ်မိနေသည်။

 

#PeopleMedia


Share this post