• Follow Us on
Latest News

Home ကျင်ဒွေးမြို့အတွင်း ပိတ်မိနေသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများတွင် ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်

ကျင်ဒွေးမြို့အတွင်း ပိတ်မိနေသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများတွင် ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်

Share this post

နေပြည်တော်၊ မတ် ၁၆

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ပိတ်မိနေသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသား စုဝင်များတွင် ရိက္ခာများ ဆေးဝါးများ ပြတ်လပ်သွားပြီဖြစ်ကြောင်း သိရသည်။

 

ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်ကစပြီး ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့များမှ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း (၃၇၆) ဦး ပိတ်မိနေသည်မှာ (၈၄) ရက်ထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

 

ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များအနေဖြင့် ကျင်ဒွေးမြို့အတွင်းသို့ ဒရုန်းဗုံးများ ရာချီတိုက်ခိုက်ခြင်း၊ စနိုက်ပါ အပါအဝင် လက်နက်ကြီး/ငယ် မျိုးစုံဖြင့် နေ့ညမပြတ် တိုက်ခိုက်ခြင်း၊ ရေခပ်လမ်းများနှင့် အနီးပတ်ဝန်း ကျင်များတွင် နင်းမိုင်းများ၊ တိုက်မိုင်းများ ထောင်ထားခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိနေသည်။

 

ယင်းသို့ ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များ၏ နေ့ညမပြတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ၏ အသက်အန္တရာယ် စိုးရိမ်ရလျက်ရှိပြီး ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများသည် ကျင်ဒွေး မြို့တွင် ဆက်လက်နေထိုင်ရန် မသင့်လျော်သည့်အတွက် ကျင်ဒွေးမြို့မှ အမြန်ဆုံးကယ်ထုတ်ပေးနိုင်ရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားကြောင်း သိရသည်။

 

#PeopleMedia


Share this post