• Follow Us on

Home ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေများပြားလွန်းလို့ လူနာတင်ယာဉ်နဲ့တောင် တက်ကြိတ်မိကြောင်း ယူကရိန်းတပ် ဖွဲ့ဝင်တစ်ဦးပြော

ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေများပြားလွန်းလို့ လူနာတင်ယာဉ်နဲ့တောင် တက်ကြိတ်မိကြောင်း ယူကရိန်းတပ် ဖွဲ့ဝင်တစ်ဦးပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ယူကရိန်းစစ်မြေပြင်မှာ လူနာတင်ယာဉ်တွေဟာ စစ်သည်တွေရဲ့အလောင်းတွေ အပေါ်ကနေ ဖြတ်သန်းမောင်း နှင်သွားရတဲ့အထိ ကျဆုံး/ ဒဏ်ရာရစစ်သည်တွေများပြားလွန်းတယ်လို့ ယူကရိန်း တပ်ကြပ်ကြီးတစ်ဦးက ပြော ကြားခဲ့ကြောင်း The New York Times သတင်းစာက အင်္ဂါနေ့က ရေးသားဖော်ပြလိုက်ပါတယ်။

 

လက်ရှိ ရုရှားနိုင်ငံနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ၎င်းတို့မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကြောင့် စိတ်သောကရောက်ပြီး စိတ်ထိခိုက်ရကြောင်း အသက် ၂၈ နှစ်အရွယ် ယူကရိန်းတပ်ကြပ်ကြီး ဗလာဒီဆလဗ်ရူဇီးဗ်က The New York Times သတင်းစာကို ပြောပါတယ်။

 

၎င်းတပ်ဖွဲ့ဟာ ရုရှားတွေရဲ့တိုက်ခိုက်မှုကို အဆက်မပြတ်ခံနေရပြီး စစ်သည်အများအပြား ခြေလက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတဲ့အချိန်မှာ ၎င်းအနေနဲ့ အိပ်မက်ဆိုးတွေအကြိမ်ကြိမ်မက်ခဲ့ရကြောင်း ရူဇီးဗ်က ပြောပါတယ်။

 

“စစ်မြေပြင်တစ်ခုလုံး ဒဏ်ရာရစစ်သည်တွေနဲ့ ပြည့်နှက်နေတယ်။ လူနာတင်ကားတွေတောင် စစ်သည်တွေရဲ့ အလောင်းတွေကို မတော်တဆတက်ကြိတ်သွားတဲ့အထိ ပြည့်နှက်နေတာ။” လို့ ၎င်းက ပြောပါတယ်။

 

စစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းတပ်ဖွဲ့ဝင်တွေထက် ပိုမိုကျဆုံးကြောင်း ခန့်မှန်းပြောဆိုနေကြပေမဲ့ နှစ် ဖက်စလုံးမှာ အရင်းအနှီးကြီးကြီး ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။

 

ဒဏ်ရာရစစ်သည်တွေကို ဘေးကင်းလုံခြုံရာသယ်ယူပို့ဆောင်ပေးဖို့ စိတ်ဓာတ်တွေက ယူကရိန်းဘက်မှာ ပိုမို မြင့်မားနေပေမဲ့ ဇွန်လအတွင်း တန်ပြန်ထိုးစစ်စတင်လိုက်ကတည်းက ယူကရိန်းဘက်မှာ ကျဆုံး/ဒဏ်ရာရ ဦး ရေပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။

 

တန်ပြန်ထိုးစစ်အောင်မြင်မှုမရရှိတာနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအများအပြား ဒဏ်ရာရလာခဲ့ကြတာကြောင့် ယူ ကရိန်းနိုင်ငံအတွင်း စိတ်ဓာတ်ကျဆင်းလာတယ်လို့ The Washington Post က ပြီးခဲ့တဲ့သီတင်းပတ်က ရေး သားခဲ့ပါတယ်။

 

မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ အသက် ၅၂ နှစ်အရွယ် ရပ်ဆလန် ပရော့တာက ၎င်း အနေနဲ့ စစ်ပွဲကိုသွားခဲ့တဲ့အတွက် နောင်တရမိကြောင်း၊ နောက်တစ်ခေါက် စစ်ပွဲကို ထပ်သွားတော့မှာ မဟုတ် ကြောင်း The Washington Post ကို ပြောပါတယ်။

 

“လူတိုင်းကိုခေါ်ပြီး ကြိုတင်ပြင်ဆင်မှုကောင်းကောင်းမလုပ်ပေးဘဲ စစ်မြေပြင်ကို ပို့နေတော့တာပဲ။ တက်ကြွမှုမ ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ခွဲမှာ ကျွန်တော်တော့ မနေချင်ပါဘူး။” လို့ ၎င်းက Post ကို ပြောပါတယ်။

 

ရုရှားတပ်တွေအများအပြားအသုံးပြုခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်းစစ်မှုထမ်းတွေရော အရပ်သားတွေ ပါ ခြေလက်အင်္ဂါတွေစွန့်လွှတ်ခဲ့ရပြီးနောက် ယူကရိန်းစစ်ပွဲကြောင့်ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေက ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ကတည်းက အခုအချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ခြေလက် အင်္ဂါစွန့်လွှတ်ခဲ့ရကြောင်း The Wall Street Journal က ရေးသားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာတွေ့ကြုံလာရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ ကို ဆက်လက်မကုစားနိုင်တော့ဘူးလို့ The New York Times သတင်းစာက ရေးသားပါတယ်။

 

၎င်းရဲ့တပ်ဖွဲ့ဝင်အများစု စစ်မြေပြင်မှာကျဆုံးခဲ့တယ်လို့ပြောဆိုခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ယူကရိန်းစစ်သည် တစ်ဦးကတော့ ၎င်းအနေနဲ့ ညတစ်ညမှာ လန့်နိုးပြီး အခန်းဖော်ဖြစ်သူကို ရုရှားစစ်သားထင်ပြီး တိုက်ခိုက်ခဲ့မိ ကြောင်း ပြောပါတယ်။

 

“တစ်ခါတလေ ကျွန်တော် ငိုမိပါတယ်။ ကျွန်တော်အိပ်မောကျနေတဲ့အချိန်မှာ စစ်မြေပြင်က အဖြစ်အပျက်တွေ ကို မြင်ယောင်လာမိတယ်။ ကျဆုံးသွားတဲ့ ကျွန်တော့်ရဲဘော်တွေမျက်နှာကိုပဲ မြင်ယောင်နေမိတယ်။” လို့ ၎င်း က ပြောပါတယ်။

 

Ref: A Ukrainian sergeant says the battleground was so thick with wounded soldiers that the evacuation vehicles were accidentally driving over their bodies

 

#PeopleMedia


Share this post